Wednesday, February 11, 2009

ခိုင်လှုံကြောင်း အထောက်အထားတွေ ရဖို့ ဘယ်လောက် ကြိုးစားထားသလဲ

ခရစ်ယာန် ဘာသာ ကိုးကွယ်သူ တယောက်ကို လ၀က တရား ရုံး တရားသူကြီးက နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ငြင်းပယ်လိုက်ပါတယ်။ ခရစ်ယာန် ဘာသာ ကိုးကွယ်သူက လူဆိုးတွေဟာ ၁) သူ့ရဲ့ လယ်ကို မီးရှို့ခဲ့တယ်၊ ၂) ခင်ပွန်းကို သတ်ခဲ့တယ်။ ၃)သမီးကိုလည်း ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
တရားသူကြီးက ခင်ဗျား လယ်ပိုင်တယ် ဆိုတဲ့ အထောက်အထားက ဘယ်မှာလဲ။ ဘယ်မှာလည်း မြေဂရမ်။ ဘယ်သူပြောလဲ ခင်ဗျား ပိုင်တယ်လို့။ ဘယ်မှာလည်း မီးရှို့ခံရတယ်ဆိုတဲ့ အထောက်အာထး။ ဘာဖြစ်လို့ ဓာတ်ပုံမရှိတာလဲ။ ဘေးခြံက လူက ဘာဖြစ်လို့ မီးလောင်သွားတဲ့ အကြောင်း ထောက်ခံစာ မရေးပေးနိုင်တာလဲ။

ခင်ဗျား ယောင်္ကျားက အသတ်ခံရတယ်လို့ ခင်ဗျားက ပြောသေးတယ်။ ဘယ်မှာလည်း သေစာရင်း၊ အုပ်ဂူဓာတ်ပုံ၊ သူ့ရဲ့ အလောင်းဓာတ်ပုံ။ အသုဘ အခမ်းအနား။

ခင်ဗျား သမီးလည်း အရိုက်ခံရတယ်ဆိုတယ်။ ဓာတ်ပုံတွေ ဘယ်မှာလဲ။ ဆေးရုံမှတ်တမ်း၊ သမီးဆီက ထောက်ခံစာ။

ခင်းဗျား တိုင်းပြည်က စာတစောင် ရဖို့ ခက်တယ်လို့ ဆိုတယ်။ ခင်ဗျားကို ဘယ်သူပြောသလဲ။ အမေရိကားနဲ့ ခင်းဗျား တိုင်းပြည်ကို ကူးချီသန်းချီ လုပ်နေတဲ့ သူတယောက်မှ မရှိဘူးလား။ သူတို့ထဲက တယောက်ယောက်က ဘာဖြစ်လို့ အဲဒီစာကို မသယ်ပေးနိုင်ရမှာလဲ။ ခင်ဗျားက အထောက်အထားတွေ ရအောင် ကြိုးစား မာန်တက် အားမထုတ်တာလဲ။ ခင်ဗျား ၁နာရီ အချိန်၊ ဒါမှမဟုတ် ဒေါ်လာ ၁၀ဖိုးလောက်တောင် အသုံးချပြီး ကြိုးစားခဲ့ရဲ့လား။

No comments: