Sunday, November 30, 2008

ဘာဖြစ်လို့ တရားသူကြီးတွေက နိုင်ငံခြားကို လှမ်းစုံစမ်းတာတွေ လုပ်ချင်တာလဲ။

GAOလို့ ခေါ်တဲ့ အဖွဲ့တခုက လူဝင်မှုကြီးကြပ်ရေးဌာနက တရားသူကြီးတွေကို ဆန်းစစ် လေ့လာ စာရင်းကောက်ယူထားပြီး သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို စက်တင်ဘာ ၂၀၀၈မှာ “အမေရိကန် နိုင်ငံရေး ခိုလှုံခွင့် စနစ်”ဆိုပြီး ခေါင်းစဉ်တပ် ဖြန့်ဝေလိုက်ပါတယ်။
အဲဒီ စာတမ်းထဲမှာ
၁။ တရားသူကြီး ၂၉%နှုန်းက နိုင်ငံရေး ခိုလှုံခွင့် အမှုတွေရဲ့ တ၀က်ဟာ လိမ်လည်မှုတွေ ဖြစ်တယ်၊ ၁၉%နှုန်းက နိုင်ငံရေး ခိုလှုံခွင့် အမှုတွေ အများစုက လိမ်လည်မှုတွေ ဖြစ်တယ်၊ ၆%က နိုင်ငံရေး ခိုလှုံခွင့် အမှုတွေ အားလုံး ဒါမှမဟုတ် အားလုံး လိုလိုဟာ လိမ်လည်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ (၂၉+၁၉+၆=၅၄% ပေါ့)
၂။ တရားသူကြီး အများစုက အမှုသည်တွေရဲ့ ထွက်ဆိုချက်တွေကို စုံစမ်းဖို့ နိုင်ငံခြားကလာတဲ့ သတင်းတွေ မရှိလို့ပဲဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံခြားက အစိုးရ ဌာနတွေဆီက သတင်းအချက်အလက် စုဆောင်းဖို့ဟာ
ICEလို့ ခေါ်တဲ့ တရားရုံး ရှေ့နေတွေ ဒါမှမဟုတ် နိုင်ငံရေး ခိုလှုံခွင့် လျောက်ထားသူတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တယ်လို့ တရားသူကြီး အများစုက ယုံကြည်ပါတယ်။

၃။ တရားသူကြီး ၈၆%က နိုင်ငံခြားမှာ သတင်းတွေ ထောက်လှမ်းနိုင်ရင် အကျိုးရှိလိမ့်မယ်လို့ သတင်းပို့ပါတယ်။

နိဂုံးကတော့ လျောက်ထားသူရဲ့ မိသားစုဝင်တွေက သူ့ရဲ့ တိုင်းပြည်မှာရှိတဲ့ အမေရိကန် သံရုံးကို မျက်နှာချင်းဆိုင် သွားရောက်ပြီး လျောက်ထားသူရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုသင့်ပါတယ်။ လျောက်ထားသူတွေဟာ အမေရိကန် သံရုံးကို သူတို့အတွက် သတင်းအချက်အလက်တွေ ပေးစေချင်တဲ့ သူရဲ့ နာမည်၊ လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တွေ ပေးသင့်တယ်လို့ ဆိုပါတယ်။

No comments: