Thursday, December 17, 2009

အီဂျစ် က ခရစ်ယာန် တယောက်

အစိုးရ ရှေ့နေက အဲဒီ အီဂျစ်က ခရစ်ယာန်ကို မေးပါတယ်။

-ဘယ်မှာလဲ ရဲ မှတ်တမ်း မူရင်းက
- ခင်ဗျားရဲ့ အမှုကို အဲဒီ ရဲက တကယ်ပဲ စုံစမ်းခဲ့တာလား။ ဒါမှမဟုတ် ခင်ဗျားပြောတာကိုပဲ သူတို့ နားထောင်လိုက်တာလား။
-တခြား မျက်မြင်သက်သေတွေကို အဲဒီ ရဲက မေးမြန်းတာတွေ လုပ်သလား။
-ဘယ်မှာလဲ ခင်ဗျားရဲ့ ခရီးသွားလက်မှတ်
-ခင်ဗျားပြောတော့ ခင်ဗျားအစိုးရက ခင်ဗျားကို မုန်းတယ်ဆို။ ဒါပေမဲ့ ခင်ဗျားကို ကောင်းတဲ့ ခံစားခွင့်တွေ ပေးတယ်မဟုတ်လား။ ဥပမာ ၁) ခရီးသွားလက်မှတ် ၂) အစိုးရ အလုပ် ၃) အစိုးရ တက္ကသိုလ်မှာ စာသင်ခွင့်။


ခင်ဗျားနိုင်ငံရဲ့ အမေရိကန် သံရုံးမှာ ပြည်ဝင်ခွင့် လျှောက်ခဲ့ဖို့ သွားခဲ့တာလား။ ခင်ဗျား လျှောက်လွှာ တခုကို ဖြည့်ခဲ့တယ်မဟုတ်လား။ ပြီးတော့ အကြောင်းပြချက် ကောင်းကောင်းပြောခဲ့တာမဟုတ်လား။ ခင်ဗျားတင်ခဲ့တဲ့ လျှောက်လွှာကို အခု တရားရုံးထဲမှာ ကျုပ်လက်နဲ့ ကိုင်ထားတယ် မဟုတ်လား။ ကျုပ်က ခင်ဗျားဖြေခဲ့တာတွေကို ခင်ဗျားထက် ပိုသိနေတာလား။ ဘယ်လို မေးခွန်းတွေ မေးလိုက်သလဲ။ ခင်ဗျားက ဘယ်လို ဖြေခဲ့သလဲ။

သံရုံးကို ဘယ်လို စာရွက်စာတမ်းတွေ ပေးခဲ့သလဲ။
ခင်ဗျား ပြည်ဝင်ခွင့်ရဖို့ အမှန်တွေ ပြောခဲ့တာလား။ ဘာလို့ မပြောခဲ့တာလဲ။


ပြောပါဦး ခင်ဗျားရဲ့ နိုင်ငံတကာ ခရီးသွားထားတဲ့ အကြောင်းတွေ။
ခင်ဗျားပြောတော့ ခင်ဗျား တိုင်းပြည်က သိပ်ကို အန္တရာယ်ရှိတယ်၊ ခင်ဗျားကို သိပ်မုန်းတဲ့ လူဆိုးတွေလည်း ရှိတယ်ဆို။
ဒါပေမဲ့လည်း ခင်ဗျားက ၂၀၀၅မှာ တိုင်းပြည်က ထွက်သွားပြီးခါမှ ကိုယ့်တိုင်းပြည်ထဲကို အလိုကျ ပြန် လာခဲ့တာပေါ့။
ခင်ဗျားနိုင်ငံထဲက မြို့ နံပါတ် ၁မှာ ခင်ဗျားပြဿနာ ရှိခဲ့တာလား။ ဟုတ်ပြီ။ အဲဒါဆိုရင် ဘာဖြစ်လို့ မြို့နံပါတ် ၂မှာ သွားမနေတာလဲ။ မြို့နံပါတ် ၃က ရော၊ ဘာဖြစ်လို့ တခြားနေရာတွေမှာ သွားနေဖို့ မကြိုးစားခဲ့တာလဲ။
ခင်ဗျားက ပြောတယ် လူတယောက်က ခင်ဗျားကို မေ့လဲသွားအောင် တွန်းချလိုက်တယ်ဆို။ ဘာဖြစ်လို့လဲ။ ဘာလို့ သူက တွန်းလိုက်တာလဲ။ သူ ရည်ရွယ်တာက ဘာလဲ။

ခင်ဗျား အမေရဲ့ ဘာသာရေးက ခင်ဗျားနဲ့ အတူတူပဲ မဟုတ်လား။ ဒါပေမဲ့ သူလည်း ခင်ဗျား တိုင်းပြည်မှာ နေနေတာ မဟုတ်လား။ ခင်ဗျားတို့ရဲ့ ဘာသာရေး ယုံကြည်သူတွေကို သူတို့က မုန်းတယ်ဆိုရင်၊ ဘာဖြစ်လို့ ခင်ဗျားအမေက မသေသေးတာလဲ ။ ခင်ဗျား အမေနဲ့ သွားနေပေါ့။ သူလည်း တော်တော်တန်တန်ပျော်နေတာပဲ မဟုတ်လား။