Thursday, May 12, 2011

Central African Republic နိုင်ငံက နိုင်ငံရေး လှုပ်ရှားသူ (အပိုင်း၁)

နိုင်ငံရေးခိုလှုံခွင့် အရာရှိက မေးခွန်းတွေ မေးပါတယ်။

ခင်ဗျား နိုင်ငံကူးလက်မှတ် စာအုပ်မှာရှိတဲ့ စာမျက်နှာတိုင်းကို ကူးထားတဲ့ မိတ္တူအပြည့်အစုံက ဘယ်မှာလဲ။ (စာမျက်နှာလွှတ်တွေက အစ) ခင်ဗျားကို တခြား နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖူးတာမျိုးရှိသလား။ အဲဒီ စာအုပ်တအုပ်ချင်းစီက ဘယ်မှာလဲ။ ဘယ်သူကိုင်ထားသလဲ။
ခင်ဗျား သွားခဲ့ဖူးတဲ့ နိုင်ငံတကာ ခရီးစဉ်အကြောင်းကို ပြောပါဦး။ ဘယ်ကိုသွားခဲ့တာလဲဆိုတာပါ ထည့်ပြောပါ။ ခင်ဗျားဘယ်လောက်ကြာနေခဲ့တာလဲ။ အဲဒီတိုင်းပြည်တွေမှာ ခင်ဗျား ဘယ်လိုနေထိုင်ခွင့်နဲ့ နေခဲ့တာလဲ။
အမေရိကန် သံရုံး တခုချင်းကို သွားခဲ့တဲ့ အကြောင်းကို ပြောပြပါ။ ခင်ဗျား ဘာကို လျှောက်ထားခဲ့တာလဲ။ ခင်ဗျား ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာ အပယ်ခံရသလား။
ကျုပ် (နိုင်ငံရေးခိုလှုံခွင့်အရာရှိ) လက်ထဲမှာ အခု ကိုင်ထားတာက ပြီးခဲ့တဲ့ ၅နှစ်လောက်က ခင်ဗျားလျှောက်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာ မိတ္တူပဲ။ ခင်ဗျား ပြည်ဝင်ခွင့် ဗီဇာ ရဖို့ ညာပြောခဲ့ရသေးသလား။ ဘာကြောင့်လဲ။
ခင်ဗျားက နိုင်ငံရေး ပါတီတခုရဲ့ အဖွဲ့ဝင်လား။ ဘယ်မှာလဲ အသင်းဝင် ကဒ်ပြားက။ ခင်ဗျားရဲ့ ကဒ်ပြားမှာ ဘာတွေ ရေးထားသလဲ။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်တုန်းက သက်တမ်းကုန်သွားတာလဲ။ ခင်ဗျားရဲ့ အသင်းဝင်ကဒ်မှာ ဘာကြောင့် ကွက်လပ်တွေနဲ့ တချို့ မပြည့်စုံတဲ့ အချက်အလက်တွေ ရှိနေရတာလဲ၊
အဲဒီ ကဒ်ပြားမှာရှိတဲ့ ရက်စွဲတွေက တိတိကျကျရှိရဲ့လား။

ကွန်ဂိုနိုင်ငံ ကင်ချာစာ မြို့က လှုပ်ရှားသူ ကို မေးတဲ့ မေးခွန်းများ။


နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မေးတဲ့ မေးခွန်းတွေကတော့…

ခင်ဗျားနာမယ်က ဘာလဲ။ နိုင်ငံကူးလက်မှတ်ထဲက နာမယ်က ဘာလဲ။ ပြည်ဝင်ခွင့် ဗီဇာမှာရော၊ ခင်ဗျားရဲ့ မှတ်ပုံတင်ထဲမှာက ဘာနာမယ်လဲ။ ခင်ဗျား နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာ စာမျက်နှာ ၁က အချက်အလက်တွေကို မကြည့်ဘဲနဲ့ အလွှတ်ပြန်ပြောနိုင်မလား။ အဆင်သင့်ဖြစ်တဲ့အခါ ပြောပါ။

ခင်ဗျားရဲ့ မိသားစုဝင် တဦးချင်းက အခု ဘယ်နေရာတွေမှာ နေသလဲ။ သူတို့တွေက ဘာတွေ လုပ်နေတာလဲ။ ခင်ဗျားအဖေရဲ့ အလုပ်အကိုင်က ဘာလဲ။ ခင်ဗျားတိုင်းပြည်ထဲမှာ ခင်ဗျားရဲ့ အလုပ်က ဘာလဲ။ ခင်ဗျား လျှောက်လွှာက စာမျက်နှာလေးမှာ ရေးထားတဲ့ အချက်တွေကို အလွှတ်ပြောပြနိုင်မလား။ စာမျက်နှာ ၄မှာ ခင်ဗျားရဲ့ အလုပ်အကိုင်ရာဇ၀င်ကို အကြောင်းကို မေးမထားဘူးလား။ အလွှတ်ပြောပြနိုင်မလား။

ဒီနေ့မှာ ဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့် လာတောင်းရသလဲ။
ဘာကြောင့် ခင်ဗျားတိုင်းပြည်ကို ပြန်လို့မရတာလဲ။ ဘာကြောင့် ခင်ဗျားအစိုးရက ခင်ဗျားကို နာကျင်စေချင်ရတာလဲ။ ခင်ဗျားတိုင်းပြည်ထဲမှာ ခင်ဗျားအတွက် ပြဿနာတွေ ရှိနေခဲ့တာလား။

၂၀၀၉ခုနှစ် ဇူလိုင်လမှာတုန်းက ခင်ဗျားအိမ်မှာ ခင်ဗျားဟာ အဖမ်းခံခဲ့ရတယ်လို့ ဆိုတယ်။ အဲဒီတုန်းက စစ်သားတွေက ခင်ဗျားကို ဘာပြောခဲ့သလဲ။ သူတို့တွေက ဘာစကားနဲ့ ပြောတာလဲ။ အဲဒီအချိန်တုန်းက အိမ်ထဲမှာ ဘယ်သူတွေ ရှိနေတာလဲ။ ၂၀၀၉ ဇူလိုင်မှာ ခင်ဗျားဟာ ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ။ အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ အစိုးရက ခင်ဗျားကို စိတ်ဆိုးသွားရအောင်။

မစ္စတာ တယောက်က အစိုးရက ခင်ဗျားကို လိုက်ရှာနေတာနဲ့ ပတ်သက်လို့ ပြောခဲ့တာလား။ ပြီးခဲ့တဲ့ ၂လအတွင်း ခင်ဗျားတိုင်းပြည်ထဲမှာ ရှိနေတုန်းက ခင်ဗျား ဘယ်တွေမှာ အိပ်ခဲ့သလဲ။ ခင်ဗျားရဲ့ နိုင်ငံရေး လျှောက်လွှာ I-589 စာမျက်နှာ ၄မှာ ဘယ်လို ပြောထားသလဲ။
၂၀၁၁ ဇန်န၀ါရီလထဲမှာ အစောင့်က ဘာပြောခဲ့တာလဲ။ သူက ဘယ်စကားနဲ့ ပြောခဲ့တာလဲ။

နိုင်ငံကူး လက်မှတ်

ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ် အကြောင်း ပြောစို့။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်လို ရယူခဲ့တာလဲ။ အစိုးရ ရုံးထဲကို လမ်းလျှောက်ဝင်ပြီး လူတယောက်က ခင်ဗျား လက်ထဲကို ထည့်ပေးလိုက်တာလား။ ဒါမှမဟုတ် တခြား တယောက်ယောက်က သွားပြီး ခင်ဗျားအတွက် ယူပေးခဲ့တာလား။ ဒါမှမဟုတ် အစိုးရက ခင်ဗျားစီကို စာတိုက်က ပို့ပေးလိုက်တာလား။

ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တုန်းက လေဆိပ်မှာ ပြဿနာ တတ်ခဲ့သေးသလား။ လေယာဉ်လက်မှတ်ဖိုး ဘယ်သူပေးခဲ့သလဲ။ ဒီနေ့ ခင်ဗျားတိုင်းပြည်ကို ပြန်သွားခဲ့ရင် ဘာတွေ ဖြစ်မှာလဲ။ ဒီနေ့ ခင်ဗျားအစိုးရက ခင်ဗျားကို ဘာကြောင့် နာကျင်စေချင်ရတာလဲ။ သူတို့ ခင်ဗျားကို မေ့သွားပါပြီ။ မဟုတ်ဘူးလား။ ခင်ဗျားမိသားစုဝင် တယောက်ယောက်နဲ့ နောက်ဆုံး ဘယ်တုန်းက စကားပြောခဲ့သလဲ။ သူက ဘာပြောသလဲ။

ဘာပြောချင်တာရှိသေးသလဲ။ ဘာလဲ။ ဟုတ်ပါပြီး။ တခြားရော ဘာပြောချင်သေးသလဲ။

ဘယ်အချက်တွေက ထွက်ဆိုချက်တွေကို စိတ်ဝင်တစားဖြစ်ပြီး ယုံကြည့်ဖို့ ဖြစ်စေသလဲ။


ပထမ သက်သေထွက်ဆိုသူ ပြောတာက " ရဲ့က ကျုပ်ကို ဖမ်းခဲ့တယ်။ ပြီးတော့ ထောင်ကို ခေါ်သွားတယ်၊ အဲဒီမှာ ကျုပ်ကို ရိုက်တယ်။"

ဒုတိယ သက်သေက "ကျုပ်က အိမ်မှာ ကျုပ်အမေနဲ့ ကလေး နဲ့ အတူရှိနေတာ။ ကား ဘရိတ်အုတ်သံ အပြင်က ကြားလိုက်တယ်။ ပြီးတော့ ခြေသံကြားလိုက်တယ်။ ပြီးတော့ ယောင်္ကျားတချို့ အိမ်ရှေ့ကို ရောက်လာတယ်။ သူတို့တွေဟာ လူဆိုးတွေလို့ ပထမထင်လိုက်တာ။ သူတို့တွေ ကျုပ်ကလေးတွေကို နာအောင် လုပ်တော့မှာပဲလို့ ထင်လိုက်တာ။ ဒါပေမဲ့ သူတို့က ရဲတွေ၊ အိမ်ထဲကို အတင်းဝင်လာပြီး၊ အော်ဟစ်တယ်။ ကျုပ်အမေတော့ နှလုံးရပ်သွားတော့မှာပဲလို့ ထင်လိုက်တယ်။ အဲဒီအချိန်မှာ သူတို့က ကျုပ်ကို ဆွဲမပြီးတော့ အပြာရောင် နံစောနေတဲ့ ကားထဲကို ထည့်ပြီး ထောင်ထဲကို ခေါ်သွားတယ်။ အစောင့်တရောက်က ဗိုက်ရွှဲတယ်။ ကျုပ် အထက်တန်းကျောင်းတုန်းက ဒုတ်ကြီးကြီး ကိုင်ကိုင်နေတဲ့ ဆရာတယောက်နဲ့ တူတယ်။ သူစီက အာပုတ်ဆော်နံတယ်။ ပြီးတော့ တခါတည်း ရိုက်တော့တာပဲ၊ ကျုပ်က သူ့ကို မကြည့်နေတဲ့ အချိန်မှာ။ ကျုပ်ရဲ့ ခေါင်း၊ လက်နဲ့ ခြေနှစ်ဖက်ကို ရိုက်တယ်။ ကျုပ်လက်မှာရော၊ အကျီ င်္မှာရော၊ ကြမ်းပြင်မှာရော သွေးတွေ တွေ့တယ်။ "
=
ဒုတိယ သက်သေထွက်ဆိုသူက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား။ သူပြောတာတွေ သူ့အသံတွေ သူ စိတ်ခံစားမှုတွေ ထင်မြင်ချက်တွေ အနံအာရုံခံစားရတာတွေ ထည့်ပြောထားတယ်။

ကင်ညာနိုင်ငံက အိမ်တွင်း အကြမ်းဖက်မှု ဒုက္ခသည်


ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ကို ပြ
အမေရိကန်မှာ ခင်ဗျား ဘယ်သူနဲ့ နေတုန်း။
ခင်ဗျားအဖေက နေထိုင်ရေးအတွက် ဘာအလုပ်အကိုင်လုပ်သတုန်း။
ခင်ဗျား အမေရိကန်ကို ဘာလာလုပ်သတုန်း။ အမေရိကန်ကို လာဖို့ ပြည်ဝင်ခွင့် ဗီဇာလျှောက်တုန်းက ခင်ဗျား ဘာတွေ ပြောခဲ့တုန်း။

ခင်ဗျား ဆင်ခြေပေးခဲ့တာ အခု ပြောတာနဲ့ တူတာလား၊ မတူဘူးလား။
နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ ဘယ်တုန်းက ဆုံး ဖြတ်လိုက်တာလဲ။
ဘာဖြစ်လို့ စိတ်ရောဂါကု ဆရာဝန်ဆီ သွားတာလဲ။
ခင်ဗျား အမျိုးသားနဲ့ ဘယ်မှာ တွေ့ခဲ့တာလဲ။
ဘာကြောင့် သူ့ကို လက်ထပ်ဖို့ ဆုံး ဖြတ်လိုက်ရတာလဲ။
ခင်ဗျားရဲ့ ကျောင်းစာရိတ်ကို ဘယ်လို ပေးခဲ့သလဲ။ ငွေတွေက ဘယ်က ရတာလဲ။ ခင်ဗျား အမျိုးသားစီကလား။
ခင်ဗျားဟာ နှိပ်စက်ခံခဲ့ရသလား။ ဘယ်သူနှိပ်စက်တာလဲ။ ဘာကြောင့်လဲ။
ခင်ဗျားကို ဘယ်သူက ရိုက်သလဲ။ ဘာလက်နက်ကို သုံးသလဲ။
သူက ရိုက်တုန်းက ခင်ဗျားကို ဘာပြောသလဲ။ ဆေးရုံးကို ခင်ဗျား ဘယ်လို သွားခဲ့သလဲ။ ဆရာဝန်က ခင်ဗျားကို ဘာဖြစ်ခဲ့တာလဲလို့ မမေးဘူးလား။ ခင်ဗျားရဲ့ ဆေးမှတ်တမ်းက သူက ဘာတွေ ရေးခဲ့သလဲ။ ဘာကြောင့် ဆေးရုံမှတ်တမ်းက မမှန်မကန်တွေ ဖြစ်နေရတာလဲ။ ဘယ်သူ အပြစ်လဲ အဲဒီ မှတ်တမ်းထဲမှာ အမှားတွေ ပါနေတာ။
ဈေးရုံထဲမှာ ခင်ဗျားကို သူက ဘယ်လို နာအောင် လုပ်တာလဲ။
သူက ဘာတွေ ပြောသလဲ။ အဲဒီတုန်းက ခင်ဗျားရဲ့ ကလေးတွေက ဘယ်မှာတုန်း။ ခင်ဗျားရဲ့ အသိုင်းအ၀ိုင်းက ပြဿာနာရှိတဲ့ လင်မယားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပြောဆိုကြလဲ။ ခင်ဗျားရဲ့ အမျိုးသားက အိမ်ထဲမှာ နေတုန်း ခင်ဗျားက အဲဒီ အိမ်ထဲကို လိုက်လိုက်လျောလျော ၀င်သွားရောလား။ ဘာကြောင့်လဲ။ ကွာရှင်းဖို့ ကြိုးစားခဲ့သလား။ ဘာကြောင့်လဲ။ သူက ခင်ဗျားကို ဘာကြောင့် သတ်ချင်ရတာလဲ။ သူက သူ့ရဲ့ ကလေးတွေကို ဘာကြောင့် သတ်ချင်ရတာလဲ။ ခင်ဗျား ဘာပြောချင်တာ ရှိသေးသလဲ။ ရှိသေးတယ်ဟုတ်လား။ ဘာလဲ။ ပြီးတော့ရော ဘာပြောချင်သေးသလဲ။
ခင်ဗျား ရဲစခန်းကို သွားဖူးသလား။ သူတို့က ဘာပြောသလဲ။
ခင်ဗျားတိုင်းပြည်ကို ဘယ်တော့မှ မပြန်တော့ဘူးဆိုတာကို ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ။ ခင်ဗျားရဲ့ အမေနဲ့ နောက်ဆုံး ဘယ်တုန်းက စကားပြောခဲ့တာလဲ။ ခင်ဗျားအမျိုးသားက ခင်ဗျား အမေရိကန်ရောက်ပြီးကတည်းက ဘယ်နှစ်ကြိမ် ဖုန်းခေါ်ခဲ့သလဲ။ ဘာပြောချင်သေးသလဲ။ ဟုတ်ပါပြီး ဘာပြောချင်သေးသလဲ။