Tuesday, April 19, 2011

မြန်မာပြည်က ခရစ်ယာန် တယောက်

အစိုးရရှေ့နေက မြန်မာပြည်က ခရစ်ယာန်တယောက်ကို မေးတဲ့ မေးခွန်းတွေကတော့

-မြန်မာပြည်မှာ နေတုန်းက ခင်ဗျား ဘုရားကျောင်းသွားတာကို တားတဲ့သူ ရှိခဲ့သလား။

-၂၀၀၉ခုနှစ်တုန်းက ဘုရားကျောင်းတွေ ပိတ်ခံရတာမျိုး ရှိသလား။
-၂၀၁၀မှာရော။
-အစိုးရက ခင်ဗျားကို ဘုရားကျောင်း မဆောက်ရဘူးလို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားမှာ ဆောက်လုပ်ခွင့် ပါမစ် မရှိလို့ မဟုတ်လား။
အမေရိကန်မှာ အဆောက်အဦးဆောက်ဖို့ ပါမစ်မလိုဘူးလား။ လိုတာပေါ့။

၂၀၀၇ကနေ ၂၀၀၉ခုနှစ် မှာနေတုန်းက ဘာပြဿနာ တခုမှ မရှိခဲ့ဘူး ဟုတ်လား။ ပြဿနာ တခုတောင် မရှိဘူးလား။

ခင်ဗျား ဒီဓာတ်ပုံကို ဘယ်လိုလုပ်ရသတုန်း။ တယောက်ယောက် ခင်ဗျားကို လက်ထဲ ပေးခဲ့တာလား။ အဲဒါဆို ဘယ်မှာလဲ စာအိပ်က။
ဒီစာရဲ့ မူရင်းက ဘယ်မှာလဲ။ ခင်ဗျား ဘယ်လိုလုပ် ရသလဲ။ စာတိုက်ကနေ ပို့လာတာလား။
၂၀၀၉ခုနှစ်နှစ်တုန်းက ရွာမှာ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားဘယ်လိုလုပ်သိခဲ့တုန်း။ ခင်ဗျားပြောတော့ တယ်လီဖုန်း ရှိတဲ့အိမ်မရှိဘူးဆို။
ခင်ဗျားပြောတော့ ခင်ဗျား သူငယ်ချင်းက ခင်ဗျားကို တီဗွီပေါ်မှာ တွေ့လိုက်တယ်ဆို။ အဲဒါဆို သူက စာတစောင်တော့ ရေးပြီး ထောက်ခံပေးနိုင်တာပေါ့။
သူ့ကို ရေးရော ရေးခိုင်းခဲ့လို့လား။
ခင်ဗျားရဲ့ နိုင်ငံရေး ခိုလှုံခွင့် ကိစ္စကို အရေးမစိုက်နိုင်ဘဲ ဘာတွေနဲ့ အလုပ်ရှုတ်နေခဲ့တာလဲ။
ဗွီအိုအေ ဘယ်တုန်းက တီဗွီ စလွှင့်ခဲ့တာလဲ။

ခင်ဗျားကို အစိုးရက ၂၀၀၉ခုနှစ်မှာ ထောင်ထဲ ၁၀ရက် ထည့်ထားခဲ့တယ်ဆို။ အဲဒီ ပြဿနာ တခုထဲ ခင်ဗျားမှာ ရှိတာလာ။း ခင်ဗျား ဆန္ဒပြထားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ထဲမှာ ထည့်ထားတာလား။ Facebook ရှိလား။ အဲဒီမှာရော တင်ထားတာလား။ ဘာဖြစ်လို့ ဘလောက်ထောင်ပြီး စာတွေ ရေးနေတာလဲ။ ဘာဖြစ်လို့ ခင်ဗျား ပုံကို Youtue မှာ ထည့်ထားတာလဲ။ အမေရိကန်ကို ရောက်တာနဲ့ ဘာလုပ်မယ်လို့ ရည်ရွယ်ခဲ့တာလဲ။ ခင်ဗျားကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ ဘယ်သူက တိုက်တွန်းခဲ့တာလဲ။
နိုင်ငံရေးခိုလှုံခွင့် အကြောင်း ဘယ်လို သိတာလဲ။ ဘယ်သူ ပြောပြတာလဲ။

ဘိုလီးဗီးယား က လှုပ်ရှားသူ

နိုင်ငံရေး ခုံလှုံခွင့် အရာရှိ မေးတဲ့ မေးခွန်းတွေကတော့
ခင်ဗျားရဲ့ လျှောက်လွှာကို ဘယ်သူ ပြင်ဆင်ပေးတာလဲ။
ခင်ဗျား ဘယ်တုန်းက နောက်ဆုံး ခင်ဗျားတိုင်းပြည်က ထွက်လာတာလဲ။
ဘယ်တော့ နိုင်ငံကူး လက်မှတ်က သက်တမ်းကုန်မှာလဲ။
အမေရိကန်နိုင်ငံမှာ ခင်ဗျားရဲ့ ဆွေမျိုးတွေ ရှိလား။
ဘာကြောင့် တနှစ်အတွင်း နိုင်ငံရေးခိုလှုံခွင့်ကို မလျှောက်တာလဲ။
ဘယ်တုန်းက လျှောက်ဖို့ ဆုံးဖြတ်လိုက်တာလဲ။ ခင်ဗျားပြောတော့ မစ္စတာ တယောက်က အကျင့်ပျက်တယ်လို့ ဆိုတယ်။ ခင်ဗျား ဘယ်လိုလုပ်သိတုန်း
ခင်ဗျား တယောက်ထဲ ခေါင်းထဲမှာ စဉ်းစားနေတာလား။
ခင်ဗျား နိုင်ငံကို ပြန်သွားရင် ဘာတွေ ဖြစ်မှာလဲ။ ဘာကြောင့် အဲဒါတွေ ဖြစ်မှာလဲ။
ဘယ်တုန်းက ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တာလဲ။
လူဆိုးတွေက ဘာလိုချင်တာလဲ။ သူတို့ ဘာပြောခဲ့သလဲ။
သူတို့က ခင်ဗျားကို ဘာကြောင့် တိုင်းပြည်ထဲက ထွက်သွားစေချင်တာလဲ။

တယ်လီဖုန်း စကားပြောပြီးတော့ ခင်ဗျား စိတ်ထဲ ဘာဖြစ်သွားသလဲ။
ခင်ဗျားကို ၂၀၀၈ခုနှစ် မစ္စတာ တယောက်က နစ်နာစေချင်တယ်လို့ ဆိုတယ်။ အခုရော။ အခုတော့ ၂၀၁၁ ခုနှစ်တောင် ရောက်နေပြီ၊ ၃နှစ်လောက်ကြာပြီဆိုတော့ သူက ခင်ဗျားကို မေ့လောက်ရောပေါ့။

ခင်ဗျားက ဒီမြို့မှာနေပြီး ပြဿနာ ရှိတယ်ဆိုရင် ဘာလို့ တခြားမြို့တွေမှာ သွားမနေသလဲ၊

ဘာပြောချင်သေးလဲ။ ရှိသေးတယ် ဟုတ်လား။ ဘာလဲ။ ခင်ဗျား အကြိုက်ဆုံး အထောက်အထား စာရွက်က ဘာလဲ။

ကိုယ်ပြောတာ ရှေ့နောက်ညီညွှတ်ရမှာပေါ့

လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက မစ္စတာ ရမ်းကို နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်လိုက်ပါတယ်။ အကြောင်းကတော့

- သူရေးထားတဲ့ စာထဲမှာ သူ့ရဲ့ အမျိုးသမီးဟာ တနှစ်မှာ ၂ခါ ကိုယ်ဝန် တားမြစ်းဆေး နှစ်ခါ သွင်းရတယ်လို့ ဆိုပါတယ်။ တရားရုံးပေါ်မှာတော့ သူက တနှစ်ကို ၃ခါ ပါလို့ ပါးစပ်က ထွက်ဆိုပါတယ်။
- နောက်ပြီး သူ့အမျိုးသမီး ဟာ နေရာဟာ အမျိုးသားရဲ့ အဒေါ်အိမ်မှာ ပုန်းအောင်းခဲ့တယ်လို့ စာထဲမှာ ရေးထားပါတယ်။ တရားရုံးမှာ ထွက်ဆိုတဲ့အခါမှာ သူ့အမျိုးသမီးရဲ့ အဒေါ်အိမ်မှာ ပုန်းနေခဲ့တာလို့ ဆိုပါတယ်။
- သူရေးထားတဲ့ ထွက်ဆိုချက်ထဲမှာ ၃လ ထောင်ဒဏ် ဖြစ်နိုင်တယ်လို့ ရေးထားပေမဲ့ တရားရုံးမှာ နှုတ်နဲ့ ထွက်ဆိုတော့ ၃လထပ်ပို ထောင်ဒဏ်ချနိုင်ပါတယ်လို့ ပြောပြန်ပါတယ်။
- ရေးထားတဲ့ စာထဲမှာ ၂၀၀၄ခုနှစ် နိုဝင်ဘာမှာ တရုတ်ပြည်က ထွက်လာတယ်လို့ ဆိုပါတယ်။ တကယ်တမ်း တရားရုံးပေါ်မှာတော့ နိုဝင်ဘာ ၂၀၀၅ခုနှစ်လို့ နှုတ်နဲ့ ထွက်ဆိုခဲ့ပါတယ်။