Sunday, January 23, 2011

ခင်ဗျားရဲ့ အမေရိကန်က လူဝင်မှုကြီးကြပ်ရေး ရာဇ၀င်က ဘာလဲ။

တိုဂိုနိုင်ငံက မစ္စတာ တီဟာ သူ့တိုင်းပြည်မှာ ခန္ဒာကိုယ် ငြင်းပန်း နှိပ်စက်မှုဒဏ် တကယ်ခံခဲ့ရတဲ့သူပါ။ ထောင်ချခံရတယ်။ အရိုက်ခံရတယ်။ သေလောက်အောင်လည်း ချိန်းခြောက်ခံရတယ်။ အလုပ်ကလည်း အထုတ်ခံရတယ်။ ဒါပေမဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးတရားရုံးက အစိုးရရှေ့နေက မေးတဲ့မေးခွန်းတွေကတော့

အမေရိကန်ကို အရင်က ဘယ်နှစ်ကြိမ်ရောက်ဖူးလဲ။

ခင်ဗျားက ဘယ်လို ပုံနဲ့ဝင်လာတာလဲ။ ဗီဇာက ဘာဗီဇာလဲ။ အလည်ဗီဇာလား။ ခင်ဗျားရဲ့ လျှောက်လွှာမှာက ခင်ဗျားဟာ F-1 ကျောင်းဗီဇာနဲ့ လာတာဆို။ မဟုတ်ဘူးလား။ မဟုတ်ဘူးလို့ ပြောနေတာလား။

ကျုပ်လက်ထဲမှာ ခင်ဗျားရဲ့ လျှောက်လွှာရှိတယ်။

ခင်ဗျားရဲ့လျှောက်လွှာအကြောင်းကို ကျုပ်က ခင်ဗျားထက် ပိုသိနေတာလား။

ခင်ဗျား အမျိုးသားရဲ့အလုပ်အကိုင်က ဘာလဲ။ သူက ဒီပလိုမတ်လား။

ခင်ဗျားရဲ့လျှော်လွှာအရဆိုရင် ခင်ဗျားအမျိုးသားရဲ့ အလုပ်က ဘာလဲ။ ကျောင်းဆရာ ဆိုပါလား။

ခင်ဗျားရဲ့ခရီးသွားလက်မှတ်မှာက ခင်ဗျား အမျိုးသားက ဘာလဲ။

အခုအတိုင်းဆိုရင် ခင်ဗျားရဲ့ I-589 နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာထဲက အချက်တွေကို ခင်ဗျား ပြန်မပြောပြနိုင်ဘူးဆိုတဲ့သဘောလား။

ခင်ဗျားရဲ့ ခရီးသွားလက်မှတ်ထဲက အချက်အလက်တွေကိုလည်း ခင်ဗျားက ပြန်မပြောနိုင်ဘူး။

ခင်ဗျားက ဒါဟာတော့ဖြင့် မှန်ပါတယ်လို့ စကားနဲ့ ဆိုပေမဲ့၊ ဒါတွေ မဟုတ်တဲ့အကြောင်း ပြောထားတဲ့ စာရွက်စာတမ်းတွေကို တင်ပြထားတယ်။ တရားရုံးကို မလာခင်မှာ ခင်ဗျားရဲ့လျှောက်လွှာကို ဖတ်မလာခဲ့ဘူးလား။ တရားရုံး မလာခင်မှာ ခင်ဗျားရဲ့ ခရီးသွားလက်မှတ်ကို သေချာ ဖတ်မလာခဲ့ဘူးလား။

ခင်ဗျားနဲ့ ခင်ဗျား အမျိုးသမီးရဲ့ နိုင်ငံရေးအယူအဆက အတူတူလား မတူဘူးလား

အီရက်နိုင်ငံက မစ္စတာ တယောက်ရဲ့ ကိုယ်ပိုင် နိုင်ငံရေး အယူအဆကို မေးတဲ့ အခါ။ အဲဒါဘာလဲ။ ခင်ဗျား ဘယ်လိုနည်းနဲ့ ထုတ်ပြောသလဲ။ တယောက်တယောက်က သတိထားမိတာ ရှိသလား။

ခင်ဗျား အမျိုးသမီးမှာရော နိုင်ငံရေး အယူအဆရှိတာလား။ သူကရော ဘယ်လို ထုတ်ပြသလဲ။ ဘယ်မှာလဲ။ ဘယ်တုန်းကလဲ။ သူများတွေသတိထားမိရဲ့လား။

ခင်ဗျား အမျိုးသမီးကို ဒီနေ့ တရားခွင်မှာ သက်သေ ထွက်ပေးဖို့ ခွင့်ရော တောင်းဖူးရဲ့လား။ သူက ဒီနေရာနဲ့ တနာရီပဲ ဝေးတဲ့နေရာမှာ နေတာပဲ။ ဘာလို့ သူက ဒီမှာ ရှိမနေတာလဲ။ ဘယ်သူ့အပြစ်လဲ။ ခင်ဗျား ရဲ့ အပြစ်လား သူ့အပြစ်လား။

ပြီးခဲ့တဲ့ ၆လအတွင်း ခင်ဗျားဟာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှု (oppostional political activities OPA) တွေ လုပ်ထားတာ ရှိသလား။ ဘာကြောင့် မရှိရတာလဲ။

ခင်ဗျားပြောတော့ ခင်ဗျားက Juno အဖွဲ့ ၀င်ဆို။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားဟာ အဖွဲ့ဝင် တယောက်ဖြစ်တယ်ဆိုတာ သိလို့ လား။ သူတို့ဘယ်လိုလုပ်သိတုန်း။

ခင်ဗျားအစိုးရမှာ သတင်းပေးသူတွေ၊ ထောက်လှန်းရေးတွေ၊ စပိုင်တွေ ရှိတယ်လို့ ခင်ဗျားက ပြောချင်တာလား။ ခင်ဗျား ဘယ်လိုလုပ်သိတုန်း။