Thursday, October 7, 2010

ရင်နာရတာနဲ့ စိတ်ထိခိုက်ရတာ

ကိုယ်ခန္ဓာကို နှိပ်စက်ခံရတယ်ဆိုတာ တကယ့် ထိခိုက်ရတဲ့ အဖြစ်အပျက်ပါ။ တခြားနည်းနဲ့ ထိခိုက်နစ်နာရတာလဲ ရှိပါသေးတယ်။

နစ်နာခြင်း။ တယောက်တည်း အခန်းတခန်းထဲမှာ လှောင်ပိတ်ခံရခြင်း။ ဘယ်သူကိုမှ စကားပြောခွင့်မရှိ၊ ထောင်စောင့်ကိုတောင် ပြောခွင့်မရှိ။ နေရောင်ခြည်မရ၊ လေမရ၊ လေကောင်းလေသန့်မရ၊ အသံမကြားရ၊ မအိပ်ရ၊ သန့်ရှင်းမှုမရှိ၊ ရေချိုးခွင့်မရှိ။ ဆပ်ပြာမရှိ၊ လဲစရာ အ၀တ်မရှိ၊ ဆရာဝန်မရှိ၊ သူနာပြုမရှိ၊ မကောင်းတဲ့ အစားအစာ၊ အဟာရမရှိ။

ထောင်သားတယောက်က ပြောပြပါတယ်။
"ထောင်စောင့်က ကျုပ်ကို ရိုက်တာကို ကျွန်တော် စိတ်ထဲ ဒီလောက်မထားပါဘူး။ ဘေးခန်းက ငိုနေတဲ့အသံကိုသာ ကျွန်တော် သည်းမခံနိုင်တာပါ။ [ဘေးခန်းက တခြား ထောင်သားရဲ့ ငိုကြွေး အော်ဟစ်သံတွေ]

နိုင်ငံရေးခိုလှုံခွင့်အရာရှိက မေးလေ့ရှိတဲ့ မေးခွန်းတွေ

လျှောက်လွှာဖြည့်တဲ့အခါ တယောက်တယောက်က ကူညီခဲ့သလား။ အဲဒီလျှောက်လွှာကို ခင်ဗျားဘာသာစကားနဲ့ ဖတ်ပြခဲ့ရဲ့လား။ အထဲမှာရေးထားတာတွေအားလုံး နာလည်ရဲ့လား။ ခင်ဗျားရဲ့ နိုင်ငံတကား ခရီးတွေ အကြောင်း ပြောပါဦး။ ခင်ဗျားဘယ်သွားခဲ့သလဲ၊ နိုင်ငံတခုချင်းဆီမှာ ခင်ဗျားဘာလုပ်ခဲ့သလဲ။ ခင်ဗျား ဘယ်လို နေထိုင်ခွင့်နဲ့ နေခဲ့သလဲ။ ခင်ဗျားက ဂျပန်မှာ ၃နှစ်နေခဲ့တာလား။ အဲဒီမှာ နိုင်ငံရေး ခိုလှုံခွင့် ဘာကြောင့် မလျှောက်ခဲ့တာလဲ။ ခင်ဗျား ဂျပန်မှာ အခြေကျနေပြီ မဟုတ်လား။
ခင်ဗျားမိသားစုဝင်တဦးချင်းအကြောင်းကို ပြောပြပါ။ အဖေ။ သူက ဘယ်မှာနေတာလဲ။ အလုပ်အကိုင်ဘာလုပ်သလဲ။ သူ့ကိုတော့ ဘာကြောင့် အစိုးရက မနှိပ်စက်သလဲ။ သူရော ဘယ်လို နှိပ်စက်ခံရသလဲ။ သူရော စိတ်ထိခိုက်ခဲ့ရသေးတာလား။ စီးပွားရော ပျက်ခဲ့သေးသလား။

ခင်ဗျားတိုင်းပြည်ကို ဘာကြောင့် မပြန်ချင်တာလဲ။

ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်အကြောင်းကို ပြောပြပါဦး။ ခက်ခက်ခဲခဲ ရယူခဲ့ရတာလား။ သက်တမ်းတိုးခဲ့သေးတာလား။ အမေရိကန်နိုင်ငံကို ၀င်ဖို့ ပြည်ဝင်ခွင့်ဗီဇာကို ခင်ဗျား ဘယ်လို ရအောင် ယူခဲ့သလဲ။ ဘာတွေ ပြောခဲ့သလဲ။ အရာရှိက ဘာတွေကို မေးလို့ ခင်ဗျားက ဘာတွေကို ဖြေခဲ့သလဲ။ ခင်ဗျား ညာခဲ့သေးသလား။
ခင်ဗျားတိုင်းပြည်က ဘယ်လို ထွက်ခဲ့သလဲ ပြောပြပါဦး။ လေဆိပ်ကို သွားခဲ့သလား။ ခင်ဗျား နိုင်ငံကူးလက်မှတ်ကို ပြခဲ့သလား။ လာဘ်ထိုးခဲ့သလား ဘယ်လောက်လဲ။ ဘာကြောင့် ခင်ဗျားတိုင်းပြည်က စောစော မထွက်ခဲ့ရတာလဲ။ မြန်မြန် မထွက်ခဲ့ဘဲ နောက်ကျမှ ထွက်ခဲ့ရတာလဲ။ ခရီးသွားဖို့ ငွေကြေးအခက်အခဲ ရှိခဲ့သလား။ အမေရိကန်ကို ဘယ်နေ့မှာ ရောက်ခဲ့တာလဲ။ ဘကြောင့် နိုင်ငံရေး ခိုလှုံခွင့်ကို စောစောစီးစီး မလျှောက်ခဲ့တာလဲ။ ဘာတွေက နှောက်နှေးစေတာလဲ။ ခင်ဗျားမှာ ပြင်းထန်တဲ့ နိုင်ငံရေး ယူဆချက်တွေ ရှိတာလဲ။ အဲဒါက ဘာတွေလဲ။ အမေရိကန်မှာရော နိုင်ငံရေး အဖွဲ့အစည်းတွေ ၀င်ခဲ့သလား။ ဘာကြောင့် မ၀င်ခဲ့တာလဲ။ အမေရိကန်မှာ ၀င်ခဲ့တဲ့ အဖွဲ့အစည်း ၃ခုကို ပြောပြပါ။
လောလောဆယ်ဆယ် ခင်ဗျားတိုင်းပြည်မှာ ရှိနေသေးတဲ့ မိသားစုတွေ စိတ်အနှောက်အယှက်ဖြစ်အောင် နှိပ်စက်ခံရတာတွေ ရှိသလား။ သူတို့တွေ စီးပွားရေး ထိခိုက်နစ်နာခဲ့ရတာတွေ ရှိသလား။

မြန်မာပြည်က ဒီမိုကရေစီသမားကို မေးတဲ့မေးခွန်းတွေ

ခင်ဗျားဘာကြောင့် မြန်မာပြည်ကို မပြန်ချင်ရတာလဲ။
ခင်ဗျားအစိုးရက ခင်ဗျားကို ဘာကြောင့် မုန်းရတာလဲ။ ခင်ဗျားအစိုးရ မကြိုက်တဲ့ အလုပ်တွေကို ခင်ဗျားက လုပ်ခဲ့တာလား။ ဘယ်လိုမျိုး အလုပ်တွေလဲ။
ခင်ဗျား ဆန္ဒပြခဲ့တယ်လို့ ဆိုတယ်။ ဒီမိုကရေစီကို တောင်းဆိုခဲ့တယ်လို့ ဆိုတယ်။ ဒီမိုကရေစီက ဘယ်လိုများ အခြေအနေတွေကို ပြောင်းပေးမှာမိုလို့လဲ။ ခင်ဗျားအစိုးရက ခင်ဗျားလုပ်နေတာတွေကို သိတယ်လို့ ခင်ဗျားက ဘယ်လိုလုပ်သိသတုန်း။ ခင်ဗျားမျက်စိနဲ့ ကိုယ်တိုင် မြင်လို့လား။
သံရုံးထဲက လူက ဓာတ်ပုံထွက်ရိုက်တာကို တယောက်ယောက်များ တွေ့ခဲ့သလား။
ခင်ဗျား မြန်မာပြည်မှာတုန်းကို ရင်နာခဲ့ရတာတွေ ရှိသလား။ စီးပွားပျက်ခဲ့ရတာတွေရော။ ခင်ဗျားရဲ့ အမျိုးသားက NLD အဖွဲ့ဝင်ခဲ့တယ်ဆို။ ခင်ဗျားကရော ဘာကြောင့် မ၀င်တာလဲ။
ခင်ဗျား အမျိုးသား ဆန္ဒပြတာကို အစိုးရက သိတာလား။ အစိုးရက သိတယ်လို့ ခင်ဗျားက ဘာကြောင့် ထင်ရသတုန်း။
=
ခင်ဗျားတိုင်းပြည်က ဘာကြောင့် ထွက်လာတာလဲ။ ပြည်ဝင်ခွင့်ရဖို့ အတွက် သံရုံးက အရာရှိကို အဲဒီအကြောင်း ပြောခဲ့တာလား။ ဘာကြောင့် မပြောခဲ့တာလဲ။ ခင်ဗျားမှာ ထူးဆန်းတဲ့ တံဆိပ်ခေါင်းတွေ ကပ်ထားတဲ့ စာအိတ်တွေ ရှိသလား။ ခင်ဗျားပြောတော့ ခင်ဗျားဟာ Youtube အင်တာနက်မှာ ပေါ်နေတယ်ဆို။ ခင်ဗျားအစိုးရက Youtube ကို ကြည့်တယ်လို့ ခင်ဗျားဘာကြောင့် ထင်ရတာလဲ။

အမေရိကန်ထဲမှာ ခင်ဗျားအစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးတို့၊ သူလျှိုတို့ ဘယ်နှစ်ယောက်ရှိလဲ သိလား။

မြန်မာပြည်က နိုင်ငံရေးသမားကို မေးတဲ့မေးခွန်း (စက်တင်ဘာ ၂၀၁၀)

ခင်ဗျားရဲ့ အဖေအကြောင်းကို ပြောပါဦး။ သူ့ရဲ့ အလုပ်အကိုင်၊ အခု သူဘယ်မှာနေလဲ။ စိတ်ထိခိုက်ခံစားခဲ့ရတာတွေ၊ စီးပွားရေး ထိခိုက်နစ်နာခဲ့ရတာတွေ၊ ခန္ဓာကိုယ်မှာ နှိပ်စက်ခံရတာတွေ။
ခင်ဗျားရဲ့ အမေအကြောင်းကိုပါ ပြောပြပါ။ သူရော စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံခဲ့ရသေးသလား။
ခင်ဗျားရဲ့ ပထမ အမ။ သူရော အနှိပ်စက်ခံရသေးလား။
ခင်ဗျားရဲ့ ပထမ အကို။ သူရော စီးပွား ပျက်ခဲ့သလား။

အမေရိကားကို ဘာကြောင့် လာတာလဲ။ ခင်ဗျားက ပြောတယ်။ ခင်ဗျားဟာ မုန်တိုင်းဒုက္ခသည်တွေကို ငွေပေးခဲ့တယ်လို့။ အဲဒီငွေတွေ ဘယ်က ရတာလဲ။ ဘယ်လို ရအောင် ယူခဲ့သလဲ။

ခင်ဗျားဘာကြောင့် ဆန္ဒပြခဲ့တာလဲ။ ခင်ဗျားက ဘာလိုချင်တာလဲ။

ခင်ဗျားရဲ့ အစိုးရက ခင်ဗျား ဆန္ဒပြတာကို သတိထားမိလို့လား။
ခင်ဗျားက ဘယ်လိုလုပ်သိရတာလဲ။
ခင်ဗျားဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့် လာလျှောက်တာလဲ။
ခင်ဗျားရဲ့ အမေရိကန်မှာ နေထိုင်ဖို့ ရဖို့ လျှောက်ထားခဲ့တဲ့ သမိုင်းတွေက ဘာလဲ။

ခင်ဗျား ဗမာပြည်မှာ လွတ်လွတ်လပ်လပ် နေခဲ့ရတယ်မဟုတ်လား။ ဘယ်ဟာက မလွတ်လပ်တာလဲ။ ခင်ဗျားဟာ စောင့်ကြည့်ခံရတယ်ဆိုတာ ဘာကို ပြောတာလဲ။ အဲဒီလို စောင့်ကြည့်ခံရတဲ့ အောက်မှာ နေရလို့ စိတ်ထိခိုက်ခံစားခဲ့ရတယ်လို့ ပြောချင်တာလား။ ခင်ဗျား မြန်မာပြည်မှာ နေတုန်းက အနှိပ်စက်ခံခဲ့ရတာတွေ ရှိသလား။
မနက်ဖြန် ခင်ဗျား မြန်မာပြည်ကို ပြန်သွားခဲ့ရင် ဘာတွေ ဖြစ်မှာလဲ။ အမေရိကန်မှာ ဆန္ဒပြပြီးတော့ မြန်မာပြည်ပြန်သွားတဲ့ လူ တယောက်တယောက်ကိုများ ခင်ဗျားက သိတာရှိသလား။ ညီညီအောင် ဆိုတာ ဘယ်သူလဲ။

ခင်ဗျားပြောတော့ ခင်ဗျားအစိုးက မုန်းတယ်ဆို။ ခင်ဗျားရဲ့ တိုင်းပြည်ကလည်း အင်မတန်ကို အန္တရာယ်ရှိတယ်ဆို။ ဒါပေမဲ့ ခင်ဗျား စိတ်တိုင်းကျ ပြန်ခဲ့တယ်မဟုတ်လား။ ခင်ဗျားရဲ့ ဓာတ်ပုံနဲ့ နာမယ်ပါတဲ့ နိုင်ငံကူးလက်မှတ်ကို အလိုအလျှောက် မခိုင်းဘဲနဲ့ လေဆိပ်က အစိုးရ ၀န်ထမ်းတွေကို ပြခဲ့တယ်မဟုတ်လား။

ခင်ဗျားတိုင်ပြည်ကို ပြန်ခဲ့ရင် ဘာတွေ လုပ်မှာလဲ။

အမေရိကန်မှာနေတုန်း သူဟာ နိုင်ငံရေးမှာ တက်ကြွသူတဦးဖြစ်ပါတယ်လို့ အီသီယိုးပီးယားနိုင်ငံက မစ္စက် အေး ထွက်ဆိုပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေဆီကို စာရေးတယ်၊ အင်တာနက် ၀က်ဘ်ဆိုဒ်တခုကိုလည်း ၀ိုင်းကူလုပ်ပေးတဲ့သူဖြစ်တယ်။
ဒီမိုကရေစီကို ပိုပြီးတော့တောင် ယုံကြည်လာရပါတယ်လို့ တရားသူကြီးကို သူက ထွက်ဆိုပါသေးတယ်။ အခုလည်း ဒီမိုကရေစီနိုင်ငံမှာ နေလာတာ ၃နှစ်တောင်ရှိပြီဖြစ်တာမို့ အရင်ကထက်ဆာရင် ဒီမိုကရေစီကို ပိုကြိုက်လာပါတယ်တဲ့။ အစိုးရတခုအတွက် ဒီမိုကရေစီ စနစ်ကသာလျှင် အကောင်းဆုံးဖြစ်မယ်လို့ သူက ယုံကြည်ပါတယ်။

“တကယ်လို့ ကျမ တိုင်းပြည်ကို ပြန်ခဲ့မယ်ဆိုရင် ကျမရဲ့ ဒီမိုကရေစီ ထောက်ခံရေး လုပ်ငန်းတွေကိုပဲ ဆက်လုပ်မှာပါ။ သူတို့ ကျမကို လာဖမ်းရင်လည်း ဂရုမစိုက်တော့ပါဘူး။ ကျမတော့ ဆက်လုပ်မှာပဲ"

အီသီယိုးပီးယား နိုင်ငံက ဒီမိုကရေစီသမား

အဲဒီ အီသီယိုးပီးယားနိုင်ငံက ဒီမိုကရေစီသမားကို တရားသူကြီးက နိုင်ငံရေး ခိုလှုံခွင့် ပေးလိုက်ပါတယ်။

သူ့တိုင်းပြည်မှာ သူဟာ
၁။ လူတွေကို ကားနဲ့ အစည်းအဝေးဆီကို လိုက်မောင်းပေးတယ်။
၂။ ကျောင်းသားတွေကို ကားခ စိုက်ပေးတယ်။
၃။ အစိုးရ အရာရှိတွေနဲ့ အပြင်ပန်း ငြင်းခုံဆွေးနွေးတာတွေလုပ်တယ်။
၎။ အစိုးရ ဆန့်ကျင်တဲ့ အခန်းအနားတွေကို စီမံတယ်။
၅။ လူတွေကို စကားပြောပြီး သူ့အဖွဲ့အစည်းထဲကို ၀င်အောင် ကြိုးစားတယ်။
၆။ ပြည်သူကြားထဲမှာ သူ့ရဲ့ အယူအဆတွေကို ထုတ်ပြောတယ်။
၇။ အစည်းအဝေးတွေ တတ်တယ်။ အဲဒီအစည်းအဝေးတွေမှာ စကားပြောတယ်။ အရှေ့မှာ လုပ်မယ့် အခန်းအနားတွေအတွက်လည်း အကြံဥာဏ်ထုတ်တယ်။