Saturday, June 26, 2010

အမေရိကားမှာ တက်ကြွဖို့ လိုအပ်တယ်

နယူးဂျာဇီပြည်နယ် နယူးအာ့မြို့မှာရှိတဲ့ နိုင်ငံရေးခိုလှုံခွင့် အရာရှိက FGM ဒုက္ခသည် ( အမျိုးသမီး အင်္ဂါများ ပိုင်းဖြတ်ခံရခြင်း) ကို မေးတဲ့ မေးခွန်းတွေကတော့

၁) အမေရိကားမှာ ဘယ်အဖွဲ့တွေထဲ အဖွဲ့ဝင်ခဲ့သလဲ။
၂) FGM ဆန့်ကျင်းရေး အုပ်စုတွေထဲ အဖွဲ့ဝင်ခဲ့သလား။ ဘာဖြစ်လို့လဲ။ တဖွဲ့မှ ရှာမတွေ့ဘူးလို့ ပြောသလား။
၃) အဲဒါဆိုလည်း ခင်ဗျားကိုယ်တိုင် အဖွဲ့သစ်တခု တည်ထောင်လိုက်ပေါ့။ ဘာလို့ မလုပ်တာလဲ။

လျှောက်ထားသူက မေးခွန်းတွေ အားလုံးကို မဖြေနိုင်ပါဘူး။
ခိုလှုံခွင့်ကို အပယ်ခံရပါတယ်။ သူ့အတွက် နိုင်ငံရေး ခိုလှုံခွင့် မရှိပါဘူး။

Thursday, June 3, 2010

မြန်မာပြည်က ယောက်ျားတယောက် နိုင်ငံရေး ခိုလှုံခွင့် ငြင်းခံရ

လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက မြန်မာပြည်က ကိုသူ ဆိုတဲ့လူကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့နောက်မညီဘူး၊ ကိုယ့်နိုင်ငံကူးလက်မှတ်ထဲမှာ ဘာတွေ ရှိသလဲဆိုတာကိုယ်မသိဘူး။

၁။ သူဟာ ရခိုင်လူမျိုးဖြစ်တယ်လို့ဆိုတယ်။ ဒါပေမဲ့ သူ့ရဲ့ မှတ်ပုံတင်ကဒ်ပြားထဲမှာက ဗမာလို့ ရေးထားတယ်။
၂။ I-589 နိုင်ငံရေး ခိုလှုံခွင့်လျှောက်လွှာမှာ ကျောင်းသား နိုင်ငံရေး အဖွဲ့ဝင်တယောက်လို့ရေးထားပေမဲ့ တကယ်တမ်း ပြောတော့ သူက အသင်းဝင်မဟုတ်ဘူးလို့ဆိုတယ်။
၃။ သူဟာ ၁၉၉ ၇မှာ ထောင် တနှစ်လုံး ကျနေတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ထဲမှာ ၁၉ ၉ ၇ခုနှစ်မှာ ခရီးသွားထားတယ်ဆိုတဲ့ တံဆိပ်တုန်းတွေ ရှိနေတယ်။
၎။ သူကို အစိုးရက မုန်းပါတယ်တဲ့။ ဒါပေမဲ့ အစိုးရက သူ့ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးထားတဲ့အပြင်ကို ထပ်ပြီးတော့တောင် သက်တမ်းတိုးပေးထားပါသတဲ့။
၅။ သူမှာ ပြင်းထန်တဲ့ နိုင်ငံရေး အယူအဆရှိတယ်လို့လည်း ဆိုသေးတယ်။ ဒါပေမဲ့ အမေရိကားရောက်ပြီး ၂နှစ်လောက်ကြာမှာ အတိုက်အခံ နိုင်ငံရေး အဖွဲ့တခုတည်းကို အသင်းဝင်ထားပါတယ်။

ဥာဏ်ရှိတဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတယောက်အနေနဲ့ ဘာတွေ လုပ်သင့်ပါသလဲ။

၁။ ကိုယ့်နိုင်ငံကူးလက်မှတ်ကို ကိုယ်သိအောင် လုပ်ထားပါ။ ကိုယ့် စာရွက်စာတမ်းတွေကို အသေးစိတ် ဖတ်ပါ။
၂။ ကိုယ့် အကြောင်းကို လိုရင်း၊တိုတို၊ ရှင်းရှင်း၊ နဲ့ရိုးရိုး ရေးထားမယ်ဆိုရင် နောက်ပိုင်းမှာလည်း ပြန်မှတ်မိမယ်။ အမေကလည်း ထောက်ခံပြီး ရေးတဲ့အခါမှာလည်း ကိုယ့်အကြောင်းနဲ့ ရှေ့နောက် ကိုက်ညီမှာ ဖြစ်တယ်။
၃။ အသေးစိတ်တွေကို များများ ရေးချထားမယ်ဆိုရင် မှတ်စရာများများ ရှိလာရုံပါပဲ။ ကိုယ့်ရဲ့တရားသူကြီးက ဘယ်လိုကောင်လည်း အခုပဲ တမျိုးပြောပြီး လာပြတဲ့ စာရွက်စာတမ်းတွေက ပြောထားတာနဲ့ ဆန့်ကျင်နေတယ် လို့ ထင်သွားစေချင်ပါသလား။ ဘယ်လို သောက်ရူးက အဲဒီလို လုပ်မှာလဲ။
၎။ တကယ်လို့ ကိုယ့်မှာ ပြင်းထန်းတဲ့ နိုင်ငံရေး အယူအဆရှိတယ်ဆိုရင် ချက်ခြင်း လုပ်ပြ၊ ပြောပြမှပေါ့။ ကိုယ်ဟာ အစိုးရလက်ထဲမှာ နာမည်ကြီး၊ အောင်မြင်ကျော်ကြား၊ လူဆိုးစာရင်းဝင်တယောက် ဖြစ်အောင် လုပ်မှပေါ့။ အခုတော့…….