Wednesday, May 26, 2010

အီရက်နိုင်ငံက အနောက်တိုင်း ထောက်ခံသူ စွံနီလူမျိုး တဦး

နိုင်ငံရေး ခိုလှုံခွင့် အရာရှိ သိချင်တာတွေက
ခင်ဗျား နိုင်ငံက ဘာလို့ ထွက်လာတာလဲ။
ဘယ်သူက ချိန်းခြောက်ခဲ့တာလဲ။ ဘာဖြစ်လို့လဲ။ ၁ရပ်ကွက်က ထွက်လာပြီး ဘယ်မှာ သွားနေခဲ့တာလဲ။ ဘာကို ကြောက်တာလဲ။ လူဆိုးတွေက ဘာပြောသလဲ။ သူတို့လက်ထဲမှာ ဘာလက်နက်တွေ ရှိတာလဲ။ သူတို့တွေက
Kaifr တို့ "mushrek" လို့ ပြောသလား။ တခြား အိမ်ထောင်သားတွေရော နှိပ်စက်ခဲ့ခဲ့ရလား။ ဘာလို့လည်း ဖာတီလမ်းမပေါ်မှာ နေတုန်းက ချိန်းခြောက်ခံသေးရသလား။ ၃၇လမ်းမှာ နေတုန်းကရော ချိန်းခြောက်ခံခဲ့ရသလား။ အစိုးရက ဘာလို့ ခင်ဗျားကို မုန်းတာလဲ။ ခင်ဗျားရဲ့ နိုင်ငံတကာ ခရီးစဉ်တွေ အကြောင်း ပြောပြပါ။ တခြား ဘာပြောစရာ ကျန်သေးသလဲ။

ကမ်မရွမ် ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူ

၁။
တရားသူကြီးက ဘာတွေမေးသလဲလို့။

ခင်ဗျား ညီအကြောင်းကို ပြောပြပါဦး။ သူက ကမ်မရွမ်နိုင်ငံမှာ နေတာပဲလား။ ခင်ဗျားညီရော အစိုးရနဲ့ ပြဿနာ ရှိသလား။
ဘာဖြစ်လို့လဲ။ ခင်ဗျား အမအကြောင်းကိုရော ပြောပြပါဦး။ သူလည်း ကမ်မရွမ်နိုင်ငံမှာ နေတာလား။
သူမှာရော အစိုးရနဲ့ ပြဿနာ ရှိသလား။
ဘာလို့ မရှိတာလဲ။ သူက ဆန့်ကျင်ဘက် ပါတီ အဖွဲ့ဝင် မဟုတ်လို့လား။
ခင်ဗျားကရော အစိုးရနဲ့ ဘယ်လို ပြဿနာတွေ ဖြစ်ခဲ့တာလဲ။ ခင်ဗျား အဖမ်း ၂ခါ အဖမ်းခံရတယ် ဟုတ်လား။ ပထမ အဖမ်းခံရတဲ့အကြောင်းကို ပြောပြပါဦး။
ရက်၊ လ၊ ခုနှစ် နဲ့ နေရာကို ပြောပြပါ။ ခင်ဗျားကို ဖမ်းတုန်းက ဘယ်နေရာမှာ ခင်ဗျား ရှိနေတာလဲ။ သူတို့က ခင်ဗျားကို ဘယ်ကို ခေါ်သွားတာလဲ။ ဘယ်လောက်ကြာကြာ ဖမ်းထားခဲ့တာလဲ။ ၅ရက်လောက်လား။ အဲဒီ ၅ရက်အတွင်းမှာ စစ်ဆေးမေးမြန်းတာ ဘယ်နှစ်ခါလောက် ရှိသလဲ။ ၆ခါ စစ်ခံရတယ် ဟုတ်လား။

စစ်ဆေးတုန်းကရော နှိပ်စက်သေးသလား။
စစ်ဆေးတဲ့အခါတွေမှာ ဘယ်နှစ်ခါက နှိပ်စက်ခံရတာလဲ။

၆ခေါက် စစ်တာမှာ ၃ခေါက်ကပဲ နှိပ်စက်ခံရတာပေါ့။
၆ခေါက်မှာ ၃ခေါက်ပဲ၊ ၆ခေါက်စလုံး မဟုတ်ဘူးလား။ ဘယ်လို နှိပ်စက်ခံရတာလဲ။ ပါးစပ်ကို နာအောင် လုပ်တယ်၊ ဗယ်လက်နဲ့ ညာ ခြေထောက်လား။
ထောင်ထဲက လူတွေထဲမှာ ခင်ဗျားသိတဲ့သူ ပါတာလား။
သူတို့တွေ က ခင်ဗျားကို ထောက်ခံစာ ရေးပေးသလား။ ဘာလို့ မရေးပေးတာလဲ။ ခင်ဗျားကရော မေးလို့လား။ သူတို့ ဘယ်မှာ နေမှန်း မသိလို့ လား။ ခင်ဗျား ဘယ်လိုလုပ်လွတ်လာသလဲ။ တယောက်ယောက်က လာဘ်ထိုးခဲ့တာလား။ ခင်ဗျား ဆေးကုသမှုခံယူခဲ့သလား။ ခင်ဗျား ဆရာဝန်နဲ့ တွေ့ခဲ့သေးသလား။ သူက မှတ်တမ်းရေးပေးခဲ့သလား။
ခင်ဗျားမှာ အဲဒီ မှတ်တမ်း မိတ္တူရှိတာလား။ ခင်ဗျားအမေကိုရော မိတ္တူ မတောင်းခိုင်းဘူးလား။ ခင်ဗျား အမေက ဘာပြောသလဲ။

၂။
တရားသူကြီးမေးတာက။

ခင်ဗျား က ၂၀၀၉ ဇန်န၀ါရီမှာ အဖမ်းခံရတယ်၊ ပြီးတော့ ဒီဇင်ဘာ ၂၀၀၉မှာလည်း အဖမ်းခံရတယ်။ ဇန်န၀ါရီနဲ့ ဖေဖေါ်ဝါရီအတွင်းမှာ ပြဿနာ ရှိခဲ့သေးလား။ ခင်ဗျား စောင့်ကြည့်ခံရပြီး၊ အလုပ်ရှာလို့ မရခဲ့ဘူး၊ ဟုတ်လား။
ခင်ဗျားတိုင်းပြည်က နောက်ဆုံး ဘယ်နေ့မှာ ထွက်ခဲ့တာလဲ။ ခင်ဗျားရဲ့ နိုင်တကာ ခရီးတွေအကြောင်း ပြောပြပါဦး။ ခင်ဗျား သွားခဲ့တဲ့ တိုင်းပြည်တခုချင်း အကြောင်းကို ပြောပြပါ။ ဂျာမဏီကို သွားခဲ့တယ် ဟုတ်လား။ ဘာလို့ အဲဒီမှာ နိုင်ငံရေး ခိုလှုံခွင့် မလျှောက်ခဲ့တာလဲ။
ပီရူးနိုင်ငံလည်း သွားခဲ့တယ်ဟုတ်လား။ ဘာလို့ အဲဒီမှာ နိုင်ငံရေး ခိုလှုံခွင့် မလျှောက်ခဲ့တာလဲ။ ဘာလို့ စောစောစီးစီး မလျှောက်တာလဲ။ ခင်ဗျားတိုင်းပြည်က ဘာလို့ ထွက်ခဲ့တာလဲ။ ဘာလို့ အမေရိကားကို လာတာလဲ။ အမေရိကားမှာ ခင်ဗျားရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက ဘာတွေလဲ။ ဘာတွေခင်ဗျားလုပ်သလဲ။ ဗွီဒီယို ကင်မရာ တလုံးကို ရိုက်နေမယ်ဆိုရင် ဘာတွေကို ရိုက်နေမှာလဲ။
အစည်းအဝေးအခန်းထဲက ထိုင်ခုံတလုံးမှာ ထိုင်နေမယ်။ ခင်ဗျားသံရုံးရဲ့ အရှေ့မှာ ဆိုင်းဘုတ်တခု ကိုင်ပြီး ရပ်နေမယ်။
ခင်ဗျား အဖမ်းခံရတုန်းက ထောင်ထဲမှာ သူတို့တွေက ဘာတွေ မေးသလဲ။ သူတို့တွေက ဘာတွေ ပြောသလဲ။ ခင်ဗျားအဖမ်းခံရတုန်းက ခင်ဗျားက ဘယ်မှာလဲ။ ခင်ဗျား အဖမ်းခံရတာကို ဘယ်သူတွေ့လိုက်သလဲ။ သူက ခင်ဗျားကို ထောက်ခံစာ ရေးပေးသလား။ ခင်ဗျား အဆိုးဆုံး အရိုက်ခံရတာ က ဘယ်နေရာလဲ။
၃။
အစိုးရ ရှေ့နေက မေးတယ်။
ဘာလို့ ရဲတွေ ခင်ဗျားအိမ်ကို ၀င်ဆီးရတာလဲ။
ရဲတွေက ဘာပြောလဲ။ သူတို့ ဘာပြောတာ ခင်ဗျား ကြားသလဲ။ သူတို့က ဘာစကားပြောနေတာလဲ။
ခင်ဗျား ဘယ်လိုလုပ် ထောင်က လွတ်လာတာလဲ။ ခင်ဗျား အစ်မက လာဘ်ထိုးခဲ့တာလား။ လေဆိပ်မှာ ပြဿနာ တက်ခဲ့သလား။ ခင်ဗျား အမက လေဆိပ်မှာလည်း လာဘ်ထိုးခဲ့တာလား။ သူက ဘယ်လောက်ပေးခဲ့တာလဲ။
ခင်ဗျားက SCNCထဲကို ဘာလို့ ၀င်တာလဲ။ SCNCရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ခင်ဗျားဟာ ၂၀၀၉ခုနှစ်မှာ ထောင်ထဲမှာလို့ ဆိုတယ်။ တခြား ဘယ်သူတွေ အထဲမှာ ရှိသလဲ။ ခင်ဗျားအတွက် ထောက်ခံစာရေးပေးတဲ့သူ ရှိလား။ ခင်ဗျားအထဲမှာတုန်းက ဘာတွေ့တဲ့သူရှိသလား။ သူတို့တွေထဲက ထောက်ခံစာ ရေးပေးတဲ့သူ ရှိသလား။ ဘာဖြစ်လို့ မရေးပေးတာလဲ။ ခင်ဗှားကရော မေးလို့လား။ ခင်ဗှားက ဆေးရုံတတ်ခဲ့ရသလား။ ဘယ်သူတွေ ဆေးရုံပေါ်မှာ ရှိသလဲ။ ခင်ဗျားကို ဆေးရုံအကြောင်း ထောက်ခံမယ့်သူရှိသလား။ ဘယ်မှာလဲ ဆေးမှတ်တမ်းတွေ။ ခင်ဗျား အမေရိကန်မှာ ခင်ဗျား ဒဏ်ရာတွေအတွက် ဆရာဝန်နဲ့ တွေ့သလား။ ဘာလို့မတွေ့တာလည်း ခင်ဗျား ခံစားနေရတယ်မဟုတ်လား။

၎။
အစိုးရ ရှေ့နေက မေးတာကတော့။
သက်သေ နံပါတ် ၁အတွက် သူ့ရဲ့ immigration status ကဘာလဲ။ A နံပါတ်က ဘာလဲ။ ဘယ်မှာလဲ ဆေးမှတ်တမ်း။
ဘာလို့ နိုင်ငံရေး ခိုလှုံခွင့် စောစောစီးစီး မလျှောက်တာလဲ။
အမေရိကားမှာ နိုင်ငံရေး အဖွဲ့အစည်းထဲ ၀င်ထားသလား။ ဘာဖြစ်လို့ အသင်းဝင်လိုက်တာလဲ။ ခင်ဗျား အသင်းဝင် ကဒ်ပြားထဲမှာ ၁၉၉၉ ခုနှစ်က အသင်းဝင်ခဲ့တယ်လို့ ရေးထားတယ်။ အဲဒီတုန်းက ခင်ဗျားက ဂျာမနီမှာ မဟုတ်လား။
ခင်ဗျားကို ရဲက ဘာတွေ မေးသလဲ။ ဘာလက်နက်လဲ။ ဘာစကားနဲ့ မေးတာလဲ။
ခင်ဗျားရဲ့ ထောင်ထဲက အဆိုးဆုံးနေ့ကို ပြောပါ။ ဘာလို့ SCNCထဲကို ၀င်တာလဲ။
ခင်ဗျားရခဲ့တဲ့ ဒဏ်ရာအကြောင်း အသေးစိတ်ပြောပါ။
ပါးစပ်ထဲမှာ သွေးတွေလား။ ဗယ်ခြေထောက် က ရောင်နေတာလား။ ခေါင်းကိုက်သလား။

Tuesday, May 4, 2010

တရုတ်နိုင်ငံက မစ္စတာ လီယု နိုင်ငံရေး ခိုလှုံခွင့် ငြင်းပယ်ခံရ

မစ္စတာ လီယုက တရားသူကြီးကို သူ့ရဲ့ အမျိုးသမီးဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကိုယ်တိုင်သိကြောင်း ပြောပြပါတယ်။ သူဟာ ဟောင်ကောင် ဒီမိုကရေစီ အဖွဲ့မှာ တက်ကြွသူစြဖ်ကြောင်း၊ သူဟာ ၂၀၀၃ခုနှစ်မှာ ဆေးရုံးတင်ရကြောင်း စသဖြင့်ပေါ့။
တရားသူကြီးက “ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ ဘယ်မှာလဲ ခင်ဗျား အမျိုးသမီးရဲ့ စာတို့၊ ဟောင်ကောင် ဒီမိုကရေစီ အဖွဲ့က ရေးပေးထားတဲ့စာတို့၊ ဆေးရုံ မှတ်တမ်းတို့။”

မစ္စတာ လီယုက ကျွန်တော့်မှာ အဲဒါတွေ မရှိပါဘူးလို့ ပြောပါတယ်။

တရားသကြီး။ ။ “ခင်ဗျား အမျိုးသမီတို့၊ အဲဒီအဖွဲ့တို့၊ ဆေးရုံးတို့ကနေ စာတွေ တောင်းရဲ့လား၊” “ ပြီးတော့ ခင်ဗျား ပိုက်ဆံ ၁၀ဒေါ်လာ၊ အချိန် ၁၀မိနစ် သုံးပြီးတော့ အဲဒီစာတွေရအောင် အားစိုက်ခဲ့ရဲ့လား။”

လီယု။ ။ “မတောင်းခ့ပါဘူး၊ ကျွန်တော် အလုပ်ကို တရားမ၀င်ပဲ လုပ်နေရလို့ အလုပ်ရှုတ်နေပါတယ်။ ပြီးတော့ အိပ်တယ်။ စားတယ်။ တီဗွီကြည့်တယ်။ ကျွန်တော့် ခိုလှုံခွင့် ကိစ္စထပ် အရေးကြီးတဲ့ အလုပ်တွေအများကြီး ရှိပါတယ်။”

တရားသူကြီက ခင်ဗျားတော့ ရှုံးပြီး။ ခင်ဗျားကို တိုင်းပြည် ပြန်လွှတ်မယ်။ အဲဒါဆို ခင်ဗျားမှာ စားဖို့၊ အိပ်ဖို့၊ တီဗွီကြည့်ဖို့ အချိန်တွေ အများကြီး။ ခင်ဗျား တိုင်းပြည်ဟောင်းမှာ ပြန်သုံးပေးတော့။

စီရယ်ရာ လီရုံးတိုင်းပြည်က လှုပ်ရှားသူတဦး

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက သိချင်ပါတယ်။

ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ်တွေမှာ ဘာတွေ ရေးထားသလဲ။
ခင်ဗျား ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအကြောင်းပြောပြပါ။
ဘယ်ကိုသွားခဲ့တာလဲ။ ဘယ်လောက်ကြာကြာလဲ။ နိုင်ငံရေး ခိုလှုံခွင့်ကို ဘာလို့ ဗြိတိန်တို့ ပြင်သစ်တို့၊ ဗယ်လ်ဂျီယံတို့မှာ မလျှောက်ခဲ့တာလဲ။ ၏

အမေရိကားကို ဘာလို့ လာတာလဲ။ အမေရိကန်ကို မရောက်လာခင်ကတည်းက နိုင်ငံရေး ခိုလှုံခွင့် လျှောက် ဖို့ လုပ်လာခဲ့တာလား။ ဘာဖြစ်လို့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်တာလဲ။
ဘယ်သူကို ကြောက်တာလဲ။ ဘာလို့ ခင်ဗျား အစိုးရကို ကြောက်တာလဲ။

ခင်ဗျား တိုင်းပြည်ကို ပြန်သွားရင် ဘာတွေ ဖြစ်မှာလဲ။

ဘာဖြစ်လို့ သူတို့က ခင်ဗျားကို နှိပ်စက်မှာလဲ။
ခင်ဗျားကို ဘယ်လို ချိန်းခြောက်သလဲ။ လူဆိုးတွေက ခင်ဗျားကို ဘာတွေ ပြောသလဲ။
လူဆိုးတွေလာတော့ သူတို့က ဘယ်လို ၀တ်စားထားတာလဲ။
သူတို့မှာ လက်နက်တွေ ပါလာတာလား။ ဘယ်လို လက်နက်တွေလဲ။ သူတို့က ဘာပြောသလဲ။

ဘယ်လို လက်နက်တွေနဲ့ ဘယ်လို စကားလုံးတွေလဲ။ လူဆိုးတွေ ရောက်လာတော့ အဲဒီအိမ်မှာ ဘယ်သူတွေ ရှိနေတာလဲ။
ခင်ဗျားကို ရိုက်တုန်းက ခင်ဗျားရဲ့ အမျိုးသားက ဘယ်မှာလဲ။ သူတို့က ရိုက်နေတဲ့ အချိန်မှာ ဘာတွေ ပြောသလဲ။

ခင်ဗျား ရဲတိုင်ခဲ့သလား။ ခင်ဗျားကို ရဲက ဘာပြောသလဲ။
ရဲက ဘာတွေလုပ်ခဲ့သလဲ။ အင်တာဗျူးတာတို့၊ ထောက်လှမ်း စစ်ဆေးတာတို့။ ခင်ဗျားလိုမျိုး အခြေအနေရှိတဲ့ တခြားလူတွေရော နှိပ်စက်ခံရတာမျိုး ရှိသလား။ ဘယ်လိုမျိုးလဲ။ ဘယ်တုန်းကလဲ။
ခင်ဗျားကို ဘာလို့ တိုက်ခိုက်ရတာလဲ။ သူတို့ ဘာတွေ စဉ်းစားနေမလဲဆိုတာကို ခင်ဗျားက ဘယ်လိုလုပ်သိသလဲ။
ခင်ဗျားစီက ပိုက်ဆံတွေကို လုသွားသေးတာလား။ အဲဒါဆို သူတို့ က ငွေလိုချင်လို့ပေါ့။ အဲဒါဆို သူတို့က သာမန် လူဆိုးတွေပေါ့။

ခင်ဗျား အမေဟာ ခင်ဗျားကြောင့် ဒုက္ခရောက်ခဲ့တာလား။
ပြင်သစ်မှာ ခင်ဗျားရှိတုန်းက ဘာလို့ နိုင်ငံရေး ခိုလှုံခွင့် မလျှောက်ခဲ့တာလဲ။ ပြီးခဲ့တဲ့ ၂လတုန်းက ခင်ဗျား တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ခင်ဗျား အမျိုးသားက ဘာပြောသလဲ။
ခင်ဗျား ပြန်သွားတဲ့အခါ လေဆိပ်မှာ ဘာတွေ ဖြစ်မှာလဲ။ ခင်ဗျား ပြဿနာက နံပတ် ၁ မြို့မှာ ဆိုရင် ဘာလို့ နံပတ် ၂ မြို့ကို ပြောင်း မနေတာလဲ။ နံပါတ် ၃ မြို့ကိုလည်း သွားနေလဲ ရတာပဲ။ ဘာပြောချင်သေးလဲ။ ပြောချင်တယ်။ ဘာပြောချင်တုန်း။

စိတ်ဝင်စားစရာပဲ။ ဘာပြောချင်သေးလဲ။