Friday, March 19, 2010

ဗမာပြည်က နိုင်ငံရေးသမားဆိုသူ တယောက်

အစိုးရ ရှေ့နေဘက်က သိချင်တာက

၁. မူရင်းစာရွက်စာတမ်းတွေ ဘယ်မှာလဲ။ အဲဒီ စာရွက်တခုချင်းဆီကို ပို့လာတဲ့ စာအိတ်တွေ ဘယ်မှာလဲ။
၂။ အမေရိကန်ကို ဘာဖြစ်လို့ လာတာလဲ။
၃။ တိုင်းပြည်က ထွက်လာတုန်းက လေဆိပ်မှာ ပြဿနာ တခုခု ဖြစ်ခဲ့သေးလား။ လာဘ်ထိုးတာ ဘယ်လောက်ကုန်သွားသလဲ။
၎။ ခရီးသွားလက်မှတ်ရဖို့ ခက်ခက်ခဲခဲ ဖြစ်ခဲ့တာလား။ လွယ်လွယ်ကူကူပဲလား။ လာဘ်ဘယ်လောက် ထိုးလိုက်ရသလဲ။
၅။ မန္တလေးက သူငယ်ချင်းက ဘာဖြစ်လို့ အသေအရိုက်ခံခဲ့ရတာလဲ။
၆။ ခင်ဗျား မိန်းမ ဇွန် ၂၀၀၉ မှာ အဖမ်းခံရပြီးနောက် တခြား ဘာပြဿနာတွေ ရှိသလဲ။ ဘာလို့ မရှိတာလဲ။
၇။ ခင်ဗျားရဲ့ အမေရိကန်နိုင်ငံမှာ လှုပ်ရှားတဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေက ဘာလဲ။ ဘယ်လို အယူအဆတွေကို ထုတ်ဖော် ပြောဆိုခဲ့တာလဲ။
တယောက်ယောက်က သတိထားမိသွားတာလား။ ခင်ဗျား အစိုးရဘက်က တယောက်ယောက်က သတိထားမိသွားတယ်လို့ ဘာကြောင့် ခင်ဗျားပြောနိုင်တာလဲ။
၈။ အမေရိကန်နိုင်ငံထဲမှာ ခင်ဗျားဟာ နိုင်ငံရေး ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေထဲမှာ ပါဝင် လှုပ်ရှားခဲ့သလား။
၉ ။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားရဲ့ နိုင်ငံရေး ဆန့်ကျင်လှုပ်ရှားတာတွေကို သိသလား။ ဘယ်လိုလုပ် သိသလဲ။