Friday, March 27, 2009

ခင်ဗျား အနှိပ်စက်ခံရသလား

ခန္ဓာကိုယ် နှိပ်စက်ခံရခြင်း


၁။ ခင်ဗျား ခန္ဓာကိုယ်မှာ ဘယ်လို ထိခိုက်မှုမျိုးပဲဖြစ်ဖြစ် ခံစားခဲ့ရပါသလဲ။
၂။ ခင်ဗျားရဲ့ အိမ်ခြံမြေ၊ အိုးအိမ်၊ ပရိဘောဂ၊ ရုံးခန်း၊ ဘုရားကျောင်းကန် ကား၊ ဒါမှမဟုတ် တခုခုများ ထိခိုက်ခံခဲ့ရပါသလား။ တယောက်ယောက်က ခင်ဗျား ပြတင်းပေါက်ကို ခဲနဲ့ ပေါက်တာမျိုးတို့ပေါ့။
၃။ ခင်ဗျားကို ထောင်ချဖူးသလား။

စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း

၎။ တယောက်ယောက်က ခင်ဗျားကို ခြိမ်းခြောက်ဖူးသလား။ ခင်ဗျားကို အနာဂတ်မှာ နှိပ်စက်မယ်လို့ ခြိမ်းခြောက်သလား။
၅။ ခင်ဗျား စိတ်ထိခိုက်ခဲ့ရသလား။ ခင်ဗျား ကြောက်နေခဲ့ရသလား။ ရတတ်မအေးဖြစ်ခဲ့ရသလား။ စိတ်ပူခဲ့ရသလား။ အိပ်မက်ဆိုးတွေ မက်သလား။ အတိတ်ကို ပြန်ရောက်သွားတာတွေ ဖြစ်သလား။
၆။ ခင်ဗျား မိသားစုဝင်တွေရော နှိပ်စက်ခံရသလား။ ခင်ဗျား ဘယ်လို ခံစားရသလဲ။
၇။ ခင်ဗျားရဲ့ လက်ရှိ စိတ် အခြေအနေနဲ့ အရင်က စိတ်အခြေအနေကို နှိုင်းယှဉ်တဲ့အခါ ဘယ်လို တွေ့ရသလဲ။

စီးပွားရေး အရ ထိခိုက်ခံစားရခြင်း

၈။ ခင်ဗျား အလုပ်ပြုတ်ခဲ့သလား။ ခင်ဗျား အလုပ်လျှောက်တဲ့အခါ မတရားသဖြင့် အငြင်းခံခဲ့ရသလား။
၉။ ခင်ဗျားဆီကနေ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားတာမျိုးရှိသလား။
၁၀။ ခင်ဗျားကို ဒဏ်ငွေ ကြီးကြီး ပေးဆောင်ဖို့ အမိန့်ထုတ်ခဲ့သလား။
၁၁။ ခင်ဗျားကို ကျန်းမာရေး၊ ပညာရေးနဲ့ လူမှု ၀န်ဆောင်မှုတွေအတွက် ငြင်းပယ်ခဲ့သလား။
၁၂။ လိုင်စင်တို့၊ နိုင်ငံကူး လက်မှတ်တို့၊ အာမခံတို့ ရော အသိမ်းခံရသလား။

လူမှုရေးအရ ထိခိုက်ခံစားရခြင်း

၁၃။ ခင်ဗျားရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ၀င်ရောက် စွက်ဖက်တာတွေ ရှိသလား။
၁၄။ ခင်ဗျားကို ဒုက္ခသည် စခန်းထဲကို ပို့ပစ်သလား။
၁၅။ ခင်ဗျားကို အလုပ်မပေးတာတို့၊ ကျောင်းဝင်ခွင့်မပေးတာတို့ ရှိသလား။
၁၆။ လူမှုဝန်ထမ်းကိစ္စတွေမှာ မပါဝင်ဖို့ ပြောဆိုထားတာမျိုးရှိသလား။
၁၇။ ခင်ဗျားကို စောင့်ကြည့်နေသလား။ ရဲက ခင်ဗျားကို ခဏခဏ ခေါ်မေးမြန်းတာတွေ ရှိသလား။
၁၈။ ခင်ဗျားကို သူလျှို အတင်း လုပ်ခိုင်းသလား။
၁၉။ ခင်ဗျားရဲ့ လွတ်လပ်ခွင့် ရုတ်သိမ်းခံရသလား။
၂၀။ ခင်ဗျားကို ထုတ်ပယ် နှိမ်ကျင်ထားသလား။
၂၁။ ခင်ဗျား ဘာသာရေး ကိုးကွယ်မှုကို ပိတ်ပင်တာမျိုး ရှိသလား။
၂၂။ ခင်ဗျား လမ်းပေါ်မှာ လမ်းလျှောက်တဲ့အချိန်၊ ဘက်စကား စီးတဲ့အချိန်တို့မှာ နှုတ်နဲ့ ရိုင်းရိုင်းပြပြ စော်ကားတာမျိုး ရှိသလား။
၂၃။ ခင်ဗျားရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီး သတင်းစာထဲတို့၊ လမ်းဘေး နံရံတွေမှာ ဆန့်ကျင်တဲ့ အရေးအသားတွေ၊ အပြုအမူတွေ ရှိသလား။
၂၄။ ခင်ဗျားကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မတရား ဆက်ဆံတာ ရှိသလား။

အင်ဒိုနီရှားက ခရစ်ယာန် တယောက်ကို လူဝင်မှု ကြီးကြပ်ရေး တရားသူကြီး က မေးတဲ့ မေးခွန်းများ

ခင်ဗျား တိုင်းပြည်က ထွက်လာတုန်းက လေဆိပ်မှာ ဘာတွေ ဖြစ်ခဲ့သေးသလဲ။ ခင်ဗျား အမေနဲ့ အဖေ အကြောင်းကို ပြောပြပါဦး။ သူတို့တွေက ခရစ်ယာန်တွေလား။ ခင်ဗျားနေတဲ့ အိမ်မှာပဲ နေနေတာလဲ။ ဘုရားကျောင်း သွားတာလဲ ခင်ဗျားသွားတဲ့ကျောင်းပဲလား။ သူတို့ကျတော့ ဘာမှ မထိခိုက်ဘူးပေါ့။ ခင်ဗျားပြောတော့ သူတို့ကို ဘယ်သူမှာ မနှိပ်စက်ဘူးပြောတယ်။ ဒါပေမယ့် စိတ်ဒုက္ခ အပေးခံရတယ်လား။ ဘယ်လို စိတ်ထိခိုက်အောင် လုပ်သလဲ။ ဘာကို ဆိုလိုတာလဲ။ ဘာလဲ စိတ်ထိခိုက်အောင် လုပ်တယ်ဆိုတာ။

ခင်ဗျားတိုင်းပြည်က အမေရိကန် သံရုံးကနေ ပြည်ဝင်ခွင့် ဗီဇာရခဲ့တာလား။ ခင်ဗျားတိုင်းပြည် ဘယ်လို ထွက်လာခဲ့တာလဲ။ လောလောဆယ်ကမှ နိုင်ငံခြားရေး ဌာနက ထုတ်ထားတဲ့ ကြေညာချက်ရဲ့ စာမျက်နှာ ၁၇မှာ ရဲတွေက ဘုရားကျောင်းတွေကို အကာအကွယ်ပေးတယ်လို့ ရေးမထားဘူးလား။ စာမျက်နှာ ၁၈မှာလဲ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်တဲ့ အမှု အရည်အတွက် ဆက်ပြီး လျော့ကျနေတယ်လို့ ရေးမထားဘူးလား။ ကျုပ်ရော၊ အစိုးရ ရှေ့နေရော၊ ခင်ဗျားရဲ့ ကိုယ်ပိုင် ရှေ့နေရော ဖတ်ထးပြီးပြီ၊ ခင်ဗျားက မဖတ်ရသေးဘူးလား။ အခု တရားရုံးထဲမှာ ရှိတဲ့ လူအားလုံးနဲ့ ခင်ဗျားက ဆန့်ကျင်တယ် ဆိုတဲ့ သဘောလား။ မျက်မြင်သက်သေ ၂၄ ယောက်ကို ရအောင် ဘယ်လို လုပ်ပြီး ခေါ်လာနိုင်ခဲ့တာလဲ။

အစိုးရတွေဟာ သံရုံးရှေ့ ဆန္ဒပြတာကို အရေးစိုက်တယ်လို့ တရားသူကြီးက မယုံကြည်ပါဘူး

ဒန်ခန် ဆိုသူနဲ့ ဂွန်ဇဲလပ် ရဲ့ ၂၀၀၇ စတုထ္ထ အဆင့် တရားရုံးတော် အမှုမှာ ကန်မရွန်းဆိုတဲ့ တိုင်းပြည်က မစ္စက် ဒန်ခန် က ၀ါရှင်တန်ဒီစီမှာရှိတဲ့ သူ့ရဲ့ သံရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ သူ့ရဲ့ အစိုးရက သိသွားပြီးတော့ သူ့ကို စိတ်ဆိုးမယ်၊ ပြီးတော့ သူ့ကို ဒဏ်ခတ်မယ်ဆိုတာကို သေသေချာချာ နားလည်ထားခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီးက ခင်ဗျားရဲ့ အစိုးရက ဘာတွေ သိတယ်၊ ဘာလို ထင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ခိုင်လှုံတဲ့ အထောက်အထားမရှိပါဘူးလို့ ဆိုပါတယ်။ ဘယ်သူကမှ ခင်ဗျားပြောတာကို ထောက်ခံထားတာမရှိပါဘူး။ သံရုံးထဲက ခင်ဗျားကို ကြည့်နေတယ်ဆိုတာကို ပြတဲ့ ဓာတ်ပုံ တပုံမှ မရှိပါဘူး။ ဘယ်သူကမှ ခင်ဗျား တိုင်းပြည်က ခင်ဗျား အမျိုးသားကိုပဲဖြစ်ဖြစ်၊ ကြက်ခြံထဲက ကြက်ကိုပဲဖြစ်ဖြစ် ဒုက္ခခံပြီး စိတ်မ၀င်စားဘူး။ ဒုက္ခပေးမနေပါဘူး။ ခင်ဗျားက ထင်ပေါ် မကျော်ကြားမနေပါဘူး။ ခင်ဗျားရေဒီယိုတွေမှာ ပြောနေတာမျိုးလဲ မရှိပါဘူး။ ဘယ်သူမှာ ခင်ဗျား ဘယ်သူလဲဆိုတာ မသိဘူး။ ဒါကြောင့် ခင်ဗျား ရှုံးပါတယ်။

Saturday, March 14, 2009

မြန်မာ့ ဒီမိုကရေစီ သမား

နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာ အရာရှိမေးတဲ့ မေးခွန်းတွေက

I-589 နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာရဲ့ ပထမဆုံး စာမျက်နှာပေါ်က ဖြည့်ထားတဲ့ အချက်အလက်တွေကို ပြန်ပြောပြနိုင်မလား။
စာမျက်နှာ ၂ ကိုရော။
ခင်ဗျား လျှောက်လွှာက အချက်အလက်တွေကို ခင်ဗျားရဲ့ ဘာသာစကားနဲ့ တယောက်ယောက်က ပြန်ဖတ်ပြသလား။
နိုင်ငံကူးလက်မှတ် စာအုပ်ကို ပြပါ။ အထဲမှာ ရှိတဲ့ တံဆိပ်တုန်းတွေ တခုချင်း ကြည့်စို့။ ဒီစာအုပ်ကို ဘယ်တုန်းက ထုတ်ပေးလိုက်တာလဲ။ အမေရိကန်က ခင်ဗျားကို ဘယ်တုန်းက ဗီဇာပေးလိုက်တာလဲ။ စာအုပ်ရဲ့ သက်တမ်းက ဘယ်တော့ ကုန်မှာလဲ။ အမေရိကန် ဗီဇာ ထုတ် မပေးခင်နဲ့ ထုတ်ပေးပြီး အချိန်တွေမှာ ပြဿနာတွေများ ရှိခဲ့သလား။ ဒီစာအုပ်ရဖို့ ခက်ခဲခဲ့သလား။ လာဘ်ထိုးခဲ့ရသေးသလား။ ဘယ်လောက် ပေးလိုက်ရသလဲ။ ခင်ဗျား ဂျပန်မှာ ၅နှစ်နေခဲ့တယ်နော်။ အဲဒီတုန်းက ဘာဗီဇာနဲ့ နေတာလဲ။ ဗီဇာ ဘယ်နှစ်ခေါက် သက်တမ်းတိုးခဲ့သလဲ။ အခု အဲဒီမှာ ဘာဖြစ်လို့ သွားမနေတာလဲ။ တခြား ဘယ်နိုင်ငံတွေမှာ နေသေးသလဲ။ အိန္ဒိယတို့ ထိုင်းတို့မှာ နေခဲ့သေးသလား။ အဲဒီမှာနေခဲ့တုန်းက ဘာကြောင့်နိုင်ငံရေး ခိုလှုံခွင့် မလျှောက်ခဲ့တာလဲ။
အမေရိကန် ဗီဇာကို ဘယ်လို ရအောင် လုပ်ခဲ့သလဲ။ ခင်ဗျား တိုင်းပြည်ရဲ့ အမေရိကန် သံရုံးမှာ သံအရာရှိနဲ့ မျက်နှာချင်းဆိုင် စကားပြောခဲ့သလား။ သူက ဘာတွေ မေးသလဲ။ ခင်ဗျားက ဘာတွေ ဖြေခဲ့သလဲ။ ခင်ဗျားသံရုံးကို ညာခဲ့သလား။ ဘာဖြစ်လို့လဲ။ ခင်ဗျားမှာ နိုင်ငံရေး အယူအဆ ရှိသလား။ အဲဒါဘာလဲ။ ဘယ်လောက် ခိုင်မာလဲ။ အဲဒီ အယူအဆက အရင်တုန်းကတည်းကရော၊ အခုရော၊ အမေရိကားမှာ ရှိနေတဲ့ အချိန်မှာရော ရှိတာလား။ မြန်မာပြည်မှာရော၊ ဂျပန်မှာရော၊ အမေရိကားမှာရော ခင်ဗျားက နိုင်ငံရေးကို တက်တက်ကြွကြွ လှုပ်ရှားတဲ့သူလား။ ဘာဖြစ်လို့ မလှုပ်ရှားတာလဲ။ ခင်ဗျားက နိုင်ငံရေး ပါတီဝင်လား။ အဲဒီမှာ ဘာရာထူးလဲ။ ခင်ဗျားက နာမည်ကြီး၊ ထင်ထင်ရှားရှားနဲ့ နံမယ်ဆိုးထွက်နေတဲ့သူလား။ ဘာလုပ်ခဲ့တာလဲ။ ရုံးမှာ ထိုင်ပြီးတော့ တယ်လီဖုန်းခေါ်တဲ့ အလုပ်လား။ လမ်းဘေးမှာ လမ်းလျှောက်ပြီး စာရွက်စာတမ်းတွေ လိုက်ဝေတာလား။ ဗွီဒီယို အရိုက်ခံရလောက်တဲ့အထိ ခင်ဗျားက ဘာတွေ လုပ်လိုက်လို့လဲ။

ခင်ဗျား အစည်းအဝေးတခုကို သွားခဲ့တယ်ဆိုတယ်။ အဲဒါက အခန်း တခန်းထဲမှာ ၀င်ထိုင်တာကို ပြောတာလား။ တခြား ဘာတွေ လုပ်သေးသလဲ။ ခင်ဗျား စကားပြောတာတွေ၊ ဆွေးနွေးတာတွေ၊ ငြင်းခုံတာတွေ လုပ်ခဲ့သလား။ ခင်ဗျားကို ဖမ်းသွားတုန်းက ခင်ဗျားက ဘယ်မှာလဲ။ ဘာတွေ လုပ်နေတာလဲ။ လမ်းပေါ်မှာ လမ်းလျှောက်နေတာလား၊ ထိုင်ခုံတခုမှာ ထိုင်နေတာလား၊ ရေကူးကန်ဘေးမှာ လှဲနေတာလား။ ခင်ဗျားကို ဖမ်းထားတုန်း သူတို့တွေက ဘာတွေ မေးတုန်း။ သူတို့တွေ ဘာကို သိချင်တာလဲ။ သူတို့ ခင်ဗျားကို ချိန်းခြောက်သေးသလား။ ရဲစောင့် က ဘယ်လို စကားတွေ ပြောသလဲ။ သူတို့က ခင်ဗျားကို ဘာဖြစ်လို့ ဖမ်းတာလဲ။ ဘာဖြစ်လို့ ပြန်လွှတ်လိုက်တာလဲ။ ခင်ဗျားကို လွှတ်ပေးတုန်း ပြောတဲ့ စကားတွေက ဘာတွေလဲ။

ခင်ဗျား ထောင်က လွတ်လာပြီး နောက်ပိုင်း ဘာပြဿနာ တက်သေးသလဲ။ ခင်ဗျား ပြဿနာတွေ အားလုံးကို ပြောပြပါဦး။
ထောင်ထဲမှာ ခင်ဗျား ကို နှိပ်စက်သေးသလား။ စိတ် ထိခိုက်အောင်ရော လုပ်သလား။ စီးပွားရေ ထိခိုက်အောင်ရော လုပ်သလား။
ဘုန်းကြီးတွေ ဆန္ဒပြတုန်းက ခင်ဗျား ဘာလုပ်သလဲ။ ဗွီဒီယို ကင်မရာက ခင်ဗျား ဘာလုပ်နေတာကို ရိုက်ထားတာလဲ။ လမ်းဘေးမှာ ရပ်နေတာကိုလား။ ဘုန်းကြီးတွေကို အစားအသောက်လှူနေတာကိုလား။ ပိုက်ဆံပေးနေတာကိုလား။
ခင်ဗျားနဲ့အတူ တခြား သူတွေရော အဖမ်းခံခဲ့ရသေးသလား။ ခင်ဗျားနဲ့ တခြား ဘယ်သူတွေက ထောင်ထဲမှာ အတူတူရှိခဲ့သလဲ။ ထောင်ထဲမှာ သွေးသံတွေ တွေ့ခဲ့သလား။ ခင်ဗျားကို ဘယ်လို မေးခွန်းတွေ ထောင်ထဲမှာ မေးသလဲ။ ခင်ဗျား ထောင်ထဲမှာ နှိပ်စက်ခံခဲ့ရတာမှာ ခန္ဓာကိုယ်ကိုလား၊ စိတ်ပိုင်းဆိုင်ရာကိုလား။ ခင်ဗျားကို အစောင့်တွေက ရိုက်မယ်ပြောတော့ ခင်ဗျား ဘယ်လို ခံစားရသလဲ။ ခင်ဗျား စိတ်ထဲမှာ ဘာတွေ ဖြစ်ကုန်သလဲ။
ခင်ဗျားကို သူတို့က ဘာလို့ လွှတ်ပေးလိုက်တာလဲ။ ခင်ဗျားကို လွှတ်ပေးလိုက်တုန်းက ဘာစကားတွေ ပြောခဲ့ရသလား။ တခြားသူတွေကို ဆက်ပြီး ထောင်ချထားတုန်းပဲလား။ တခြားသူတွေကျတော့ လွှတ်မပေးဘဲနဲ့ ခင်ဗျားကို ဘာလို့ လွှတ်ပေးလိုက်ရတာတုန်း။
ခင်ဗျား ခရီးသွားလက်မှတ်ရယူတုန်းက ဘာအခက်အခဲတွေ ရှိခဲ့သလဲ။
ခင်ဗျားကို အမေရိကန် ဗီဇာ ဘယ်တုန်းက ထုတ်ပေးလိုက်တာလဲ။ ခင်ဗျား ဘယ်တုန်းက အမေရိကန်ကို ထွက်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တာလဲ။
ခင်ဗျားတိုင်းပြည်မှာ ခင်ဗျားက ကိုယ်ပိုင်အိမ်နဲ့လား။ အဲဒီအိမ်မှာ အခု ဘယ်သူတွေ နေသလဲ။ ခင်ဗျားက လုပ်ငန်းလုပ်သလား။ အဲဒီ လုပ်ငန်းကို ဘယ်သူက ဆက်လုပ်နေသတုန်း။ အမေရိကန်မှာ ဘယ်တုန်းက နောက်ဆုံး ဆန္ဒပြခဲ့သလဲ။ အဲဒီတုန်းက ဆန္ဒပြသမားတွေ ဘယ်နှစ်ယောက်ရှိသလဲ။ ခင်ဗျားက ဘာကို ဆန္ဒပြခဲ့တာလဲ။ ခင်ဗျားကို သံရုံးက တယောက်ယောက် ဓာတ်ပုံထွက် ရိုက်သလား။ ဘာလို့ သူတို့က လုပ်တာလဲ။ ဘာကြောင့် နိုင်ငံရေးထဲမှာ ပါလာရတာလဲ။ ခင်ဗျား အမျိုးသမီးက ခင်ဗျားကို စာပို့လိုက်တယ်ဆို၊ ဘယ်မှာလဲ စာအိပ်က။ ဘာဖြစ်လို့ ခင်ဗျားကို ပစ်မှတ်ထား စောင့်ကြည့်နေရတာတုန်း။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားကို အရေးစိုက်လို့လား။ ဘယ်လိုလုပ်သိတုန်း။
ခင်ဗျားလိုမျိုး ဘယ်သူ အနှိပ်စက်ခံရသေးသလဲ။ ခင်ဗျားလို အခြေအနေရှိတဲ့သူတွေ ဘာတွေ ဖြစ်ကုန်သလဲ။ ဆန္ဒပြတဲ့သူပဲ နှိပ်စက်ခံရတာလား။ ခင်ဗျား ဒီမြို့မှာ နေတာလား။ အဲဒီမြို့မှာ ခင်ဗျား ပြဿနာတက်ခဲ့သေးတာလား။ တခြားမြို့ကို ဘာလို့ ပြောင်းမနေသလဲ။ တကယ်လို့ မြို့ တမြို့မှာ ပြောင်းနေခဲ့ရင် ဒုက္ခရောက်ဦးမယ်လို့ ဘယ်သူပြောသလဲ။ ခင်ဗျား ခရီးသွားလက်မှတ်မှာ အထွက်ဗီဇာ ရှိတာလား။ တခြား နိုင်ငံတွေကိုရော သွားခဲ့သေးတာလား။
ဘာလို့ ဓာတ်ပုံတွေ ရိုက်ထားတာလဲ။ ဒီပုံတွေကို ဘယ်သူက ရိုက်ပေးထားတာလဲ။ ခင်ဗျား သူငယ်ချင်းလား။ ဘာလို့ သူတို့က ရိုက်ထားတာလဲ။