Saturday, October 4, 2008

ဒီလူဟာ တကယ်ပဲ ဆန္ဒပြပွဲကို သွားတာမှ ဟုတ်ရဲ့လား။

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက သူရှေ့မှာ ခိုလှုံခွင့် လာလျှောက်တဲ့သူ မြန်မာ တဦးကို မေးမြန်းတာတွေ လုပ်နေရင်းနဲ့ ဒီ လူဟာ တကယ်ပဲ ဆန္ဒပြပွဲကို သွားတာမှ ဟုတ်ရဲ့လားဆိုတာကို မသေချာပါဘူး။ အရာရှိက
၁။ ရဲတွေ ဆန္ဒပြပွဲမှာ ရှိလား။ ဘယ်နှစ်ယောက်ရှိလဲ။ ရဲကားတွေ့လား။ တယောက်ယောက်များ အဖမ်းခံသေးရသလား။ တယောက်ယောက်များ ထိခိုက်ခံရတာတွေ ရှိလား။
၂။ ခင်ဗျားက အဲဒီပွဲမှာ မက်တပ်ရပ်နေတာ အပြင် တခြား ဘာတွေ လုပ်သေးသလဲ။ ဆိုင်းပုဒ် တခု ကိုင်သလား။ အဲဒီမှာ ဘာတွေ ရေးထားသလဲ။ ခင်ဗျား အော်တာတွေ လုပ်သေးသလား။ ဘာစကားနဲ့ အော်သလဲ။ အင်္ဂလိပ်လို အော်သလား။ မြန်မာလိုရော အော်သေးလား။ ရေးပြပါဦး။
၃။ ဘယ်တုန်းက နောက်ဆုံး ဆန္ဒပြတာလဲ။ အဲဒီမှာတုန်းကရော ခင်ဗျားက ဘာလုပ်တာလဲ။
၎။ ခင်ဗျားအတွက် ဆန္ဒပြတယ်ဆိုတာဟာ အရေးကြီးသလား။ ဘာကြောင့် အရေးကြီးတာလဲ။
၅။ မြန်မာတွေအတွက် ဒီမိုကရေစီက ဘာလုပ်ပေးမှာလဲ။ အသေးစိတ် ပြောပြပါလား။ ဆန္ဒပြပွဲက အေးအေးဆေးဆေးပဲလား။
၆။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာဟာ ဘာကြောင့် အရေးကြီးသလဲ။ လူအုပ်ထဲက တယောက်ယောက်ကများ လက်နက်ကိုင်ထားသလား။ အဲဒီ အုပ်စုထဲက တယောက်ယောက်များ ထိခိုက်ခံရသေးသလား။ ခင်ဗျား ဆန္ဒပြတယ်ဆိုတာကို ခင်ဗျား အစိုးရက ဘယ်လိုလုပ်သိမှာတုန်း။ ဆန္ဒပြသူတွေရပ်နေတဲ့ကြားထဲမှာ ထောက်လှမ်းရေးတွေက လမ်းမပေါ်မှာ လျှောက်ပြီး ထောက်လှမ်းနေတာလား။ ခင်ဗျား ဘယ်လိုလုပ်သိသလဲ။ ဘယ်သူပြောလဲ။ DVBဆိုတာဘာလဲ။ သူတို့ သတင်းရေးသလား။
၇။ ခင်ဗျားအကြောင်းကို တခြား ဘယ်လိုနည်းနဲ့ အစိုးရက သိနိုင်သေးသလဲ။ သူတို့က ဓာတ်ပုံရိုက်တယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိသလဲ။ လူတွေ အများကြီး ဆန္ဒပြကြတာလား။ ခင်ဗျားက အဲဒီ လူ ၅၀ထဲက တယောက်လား။ သူတို့တွေကရော ခင်ဗျားကို ဘယ်လိုလုပ် သိမှာတုန်း။
၈။ ခင်ဗျား ရန်ကုန်မှာ နိုင်ငံခြား ခရီးသွားလက်မှတ် ရယူတုန်းက ဓာတ်ပုံပေးခဲ့လား။ ခင်ဗျား ဓာတ်ပုံက ရန်ကုန်မှာပေါ့။ တကယ်လို့ ခင်ဗျား ဆန္ဒပြနေတုန်း တယောက်ယောက်က ဓာတ်ပုံရိုက်ခဲ့တယ်ဆိုရင် သူတို့က အဲဒီဓာတ်ပုံနဲ့ ခုနက ဖိုင်ထဲမှာ ရှိနေတဲ့ပုံကို တိုက်ကြည့်ပြီး ခင်ဗျား နာမယ်ကို တွေ့သွားနိုင်တာပေါ့လား။

၉။ ခင်ဗျားကို အစိုးရက တခြား ဘယ်လိုနည်းနဲ့ သိနိုင်သေးသလဲ။ ခင်ဗျား ၀ါရှင်တန် S Streetက မြန်မာသံရုံးကို စားရေးလိုက်တယ် ဟုတ်လား။ ဘာဖြစ်လို့လဲ။ သူတို့ တကယ်ပဲ အဲဒီစာကို လက်ခံရရှိသလား။ သူတို့ ဖတ်လား။ စာပြန်သလား။

၁၀။ ခင်ဗျားက ရန်ကုန်မှာ ရှိတဲ့ အဖေကို စာရွက်စာတမ်းတွေ ပို့တယ်ဟုတ်လား။ ဘာတွေ ပို့တာလဲ။ ဘာဖြစ်လို့လဲ။ ခင်ဗျား အဲဒါတွေပို့တာကို အစိုးရက ဘယ်လိုလုပ် သိသွားတာလဲ။ ခင်ဗျား အဖေဆီကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ပို့တာဟာ အန္တရာယ် မရှိဘူးလား။ ဘာဖြစ်လို့ ပို့သေးသလဲ။ ဒါဆို ခင်ဗျားက အန္တရာယ်ကို သိခဲ့တာပေါ့။ သြော… ခင်ဗျားက စာတိုက်ကနေ ပို့တာ မဟုတ်ဘူးလား။ ပုဂ္ဂလိက ပစ္စည်းသယ်ပေးတဲ့သူနဲ့ ပို့တာလား။ သူက အဲဒီ အထုတ်ထဲမှာ ဘာတွေ ပါသလဲဆိုတာ မသိဘူးလား။ သူကရော အဲဒါကို ဒုက္ခခံသယ်ပေးဖို့ စိတ်ရှိတာလား။ ခင်ဗျား အဖေက အဲဒီ အထုတ်ကို ရသလား။ ဘယ်လိုလုပ်သိသလဲ။ ခင်ဗျား အဖေက ဘယ်လိုလုပ် ဖမ်းခံရတာလဲ။
၁၁။ ခင်ဗျားရဲ့ တိုင်းပြည်ကို ခင်ဗျား ပြန်ရင် ဘာဖြစ်နိုင်သလဲ။ ခင်ဗျားက ဘာကြောင့်များ အဖမ်းခံရ၊ အနှိပ်စက် ခံရမှာလဲ။
ခင်ဗျားရဲ့ အမက အခု ဘယ်မှာလဲ။ အမေရော ဘယ်မှာလဲ။ အဖေကရော။
၁၂။ အမေရိကားမှာ ဆန္ဒပြပြီးတော့ မြန်မာပြည်ပြန်တဲ့အခါ ရန်ကုန်လေဆိပ်မှာ ဖမ်းခံရတဲ့သူ တယောက်ရဲ့ နာမယ်ကို ကျုပ်ကို ပြောပြပါ။ သူ အမေရိကားမှာ ဆန္ဒပြခဲ့တယ်လို့ အစိုးရက ဘယ်လိုလုပ်သိသွားတာလဲ။
၁၃။ ခင်ဗျားကို အစိုးရက ဖမ်းဝရမ်း ထုတ်ထားသလား။ ဘာဖြစ်လို့ မထုတ်ထားတာလဲ။
၁၄။ တခြား ဘာတွေ ပြောဖို့ ရှိသေးသလဲ။ ကောင်းပြီး စိတ်ဝင်စားစရာပဲ။ တခြားရော။